ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်နေခြင်းအပေါ် ရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၁
ပင်လယ်နီဒေသက ဖြတ်သန်းနေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းအဆုံးသတ်ဖို့ ကုလသမဂ္ဂအဖွဲ့လုံခြုံရေးကောင်စီက ဇန်နဝါရီ ၁ဝ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ ပင်လယ်နီဒေသကဖြတ်သန်းနေတဲ့ကုန်စည်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်နေတာနဲ့ပတ်သက်ပြီး မူကြမ်းကို ဆွေးနွေးခဲ့ပြီးတောင် ထိုကဲ့သို့ တောင်းဆို ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ထဲမှာ "ဒေသအေတွင်း လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့အပြင် ပင်လယ် ရေကြောင်း လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်တွေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးကို ထိခိုက်စေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုရဲ့တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်စေလိုတယ်" လို့ ဖော်ပြထားပါတယ်။
ပင်လယ်နီဒေသမှာ ဟူသီလက်နက်ကိုင်အုပ်စုတွေရဲ့တိုက်ခိုက်မှုတွေက ကမ္ဘာ့ကုန်သွယ်ရေးအတွက် အန္တရာယ် ဖြစ်စေခဲ့သလို လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကို စိုးရိမ်မှုဖြစ်ရကြောင်း ကုလသမဂ္ဂက အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုတွေဟာ ပင်လယ်နီဒေက ဖြတ်သန်းနေတဲ့ ကုန်စည် သင်္ဘောတွေကို ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ အကြိမ်ပေါင်း ၃ဝ နီးပါး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဟူသီလက်နက်ကိုင်အုပ်စုဟာ ပါလက်စတိုင်းပြည်သူတွေကိုထောက်ခံကြောင်းပြသဖို့ အစ္စရေးကုန်စည်သင်္ဘောတွေနဲ့ အစ္စရေးနိုင်ငံကိုသွားမယ့် ကုန်စည်သင်္ဘောတွေကို ပင်လယ်နီဒေသမှာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံအတွက်လိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေးကို တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော်ရန်လိုဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ