အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဟိုပန် နှင့် ပန်လုံမြို့တို့ကို ထိန်းချုပ်လိုက်ကြောင်း "ဝ"လက်နက်ကိုင်အဖွဲ့ ကြေညာ
မြူနစ် (NSS) - ဇန်နဝါရီ ၁၁
အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဟိုပန်နှင့် ပန်လုံမြို့တို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း "ဝ"လက်နက်ကိုင်အဖွဲ့ UWSA က ကြေညာလိုက်သည်။
"ဝ"လက်နက်ကိုင်အဖွဲ့ UWSA က ဇန်နဝါရီလ ၁၀ ရက် တွင် အထက်ပါကဲ့သို့ အသိပေးကြညာခဲ့ခြင်းဖြစ်သည်။
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့ နှင့် ပန်လုံမြို့ နှစ်ခုကို UWSA ထံလွှဲပြောင်းခဲ့သည့်အခမ်းအနားအား ဇန်နဝါရီလ ၁ဝ ရက်တွင် ဟိုပန်ရှိ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
၎င်းအခမ်းအနားကို UWSA ၏ မိုင်းမောခရိုင်မှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ဟိုပန်မြို့ရှိ လုံခြုံရေးစခန်းများကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် "ဝ"လက်နက်ကိုင်အဖွဲ့ UWSA က ယခုကဲ့သို့ နေရာယူသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများအတွင်းသို့ "ဝ"လက်နက်ကိုင်အဖွဲ့ UWSA သည် ပါဝင်လာပြီးဟု သုံးသပ်မှုများလည်းရှိနေသည်။
ယခုကဲ့သို့ "ဝ"လက်နက်ကိုင်အဖွဲ့ UWSA က ဟိုပန် နှင့် ပန်လုံမြို့တို့ကို ထိန်းချုပ်လိုက်ခြင်းနှင့်ပတ်သက်၍ နစကဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ် (၁ ဒသမ ၇) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုနှင့်အတူ ကျူးလွန်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ