ဟန်ဂေရီရှိ ကမ္ဘာ့အသက်အကြီးဆုံး အိုလံပစ်ချန်ပီယံ အန်းနက်စ်ကယ်လ်တီ အသက် ၁၀၃ နှစ်ပြည့်ပြီ
ရောင်နီ (NSS) - ဇန်နဝါရီ ၁၁
ဟန်ဂေရီကျွမ်းဘားအကျော်အမော်နဲ့ ကမ္ဘာ့အသက်အကြီးဆုံး အိုလံပစ် ချန်ပီယံ အန်းနက်စ်ကယ်လ်တီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်က သူမရဲ့ ၁၀၃ နှစ် မြောက် မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
သူမက မွေးနေ့ပွဲမှာ သူမကို သတိတရရှိနေသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။
ဒါဟာ သူမရဲ့အသက်ရှည်ခြင်းကို ဂုဏ်ပြုရုံသာမက
ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိညအိုလံပစ်ချန်ပီယံအဖြစ်လည်း သူမရဲ့ အဆင့်အတန်းဟာ ပိုမိုခိုင်မာစေခဲ့ပါတယ်။ သူမဟာ ၁၉၂၁ ခုနှစ်က ဘက်ဒက်ပက် မြို့တော်မှာ မွေးဖွားခဲ့ပြီး သူမရဲ့ အားကစားစွမ်းပကားကြောင့် အိုလံပစ် ချန်ပီယံ ၅ ကြိမ်တိုင်တိုင် ရရှိခဲ့ ဆွတ်ခူးခဲ့ပါတယ်။
ဒီစွမ်းဆောင်ချက်က သူမကို သမိုင်းမှာ အအောင်မြင်ဆုံး ဟန်ဂေရီ အိုလံပစ် အမျိုးသမီး အိုလံပစ်ဖြစ်လာစေခဲ့ပြီး သူမရဲ့အဆင့်အတန်းဟာ နိုင်ငံတော်ဘဏ္ဍာအဖြစ် ခိုင်မာ ရပ်တည်စေခဲ့ပါတယ်။
ဒါ့အပြင် သူမဟာ ဒုတိယကမ္ဘာစစ်ရဲ့ကြောက်မက်စရာ ဒုက္ခတောထဲက လွတ်မြောက်လာသူလည်းဖြစ်ပြီး၊ ဟန်ဂေရီနိုင်ငံရဲ့ "Athlete of the Nation" ဆိုတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဘွဲ့တံဆိပ်နဲ့ International Jewish Sports Hall of Fame ၊ International Gymnastics Hall of Fame အပါအဝင် ဆုများစွာနဲ့ ဂုဏ်ပြုခံရသူ ဖြစ်ပါတယ်။
သူမရဲ့မွေးနေ့ပွဲကို Hungarian Gymnastics Federation ရဲ့ အားကစားဒါရိုက်တာ ခရစ်တီယန်ဘာကီ ကလည်း တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစိုးရအုပ်ချုပ်မှုအောက်တွင်ရှိခဲ့သော ဟိုပန် နှင့် ပန်လုံမြို့တို့ကို ထိန်းချုပ်လိုက်ကြောင်း "ဝ"လက်နက်ကိုင်အဖွဲ့ ကြေညာ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ