ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင်(၃)ဦး ရွှေဘိုမြို့၌ ကားပြုပြင်ရန်သွားစဉ် ပစ်ခတ်လုပ်ကြံခံခဲ့ရ
မြူနစ် (NSS) - ဇန်နဝါရီ ၁၀
ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် (၃)ဦးသည် ရွှေဘိုမြို့၌ ကားပြုပြင်ရန် သွားစဉ်အချိန်၌ ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်း ရရှိသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မြင်းစီးကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်ခေါင်းဆောင်ဦးဌေးအောင်အပါအဝင် (၃)ဦးသည် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရွှေဘိုမြို့ပေါ်သို့ ကားပြုပြင်ရန်သွားစဉ် ပစ်ခတ်လုပ်ကြံခံခဲ့ရခြင်းဖြစ် သည်။
“မြင်းစီးရွာက ပြည်သူ့စစ်ခေါင်းဆောင်ပါ။ ရွှေဘိုမှာ ကားသွားပြင်ရင်နဲ့ ပစ်သတ်ခံရတာ။ သူက အုပ်ချုပ်ရေးမှူးလည်း ဟုတ် တယ်။ အဲဒီမှာက နာမည်လည်း တော်တော်ရတယ်။ မိုက်တဲ့အထဲမှာလည်းပါတယ်။ မိုက်တယ်ဆိုတာက ဘာပဲဖြစ်ဖြစ် သတ္တိရှိရှိ လုပ်ရဲတယ်ပေါ့။ တိုက်တာခိုက်တာတို့ကိုပေါ့” ဟု ရွှေဘိုမြို့ခံတစ်ဦးက NSS ကိုသည်။
ပြည်သူ့စစ်ခေါင်းဆောင်ဦးဌေးအောင် အပါအဝင် (၃)ဦးသည် ကားဖြင့် ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်သို့ ရောက်ရှိစဉ်အချိန်တွင် PDF ပူးပေါင်းအဖွဲ့များ၏ ဝိုင်းဝန်းပစ်ခတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါမြို့ခံက ဆက်လက်ပြောသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးဌေးအောင်သည် ဦးခေါင်း၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ သေဆုံးခဲ့သည့်အပြင် ၎င်းနှင့်အတူ လိုက်ပါသူနှစ်ဦးသည်လည်း ဒဏ်ရာအသီးသီးရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးဌေးအောင်အား ပစ်ခတ်လုပ်ကြံရာတွင် ဒေသခံ PDF အဖွဲ့များက ပူးပေါင်းပစ်ခတ်ခြင်းဖြစ် ကြောင်း War Lord Defense Force – Shwe Bo က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံတွင် ကားအစီးရေ(၅ဝ)ခန့် ဆင့်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၄)ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ