ငြိမ်းချမ်းရေးနှင့်အတူ တိုးတက်သောနိုင်ငံကို တည်ဆောက်ကာကောင်းမွန်သည့်အမွေလွှဲပြောင်းပေးနိုင်ရေးကြိုးစားကြရန် လိုအပ်နေပြီဟု တပ်ချုပ်ပြော
ကျော်(NSS) - ဇန်နဝါရီ ၁၀
အဖြစ်ဆိုးများအား နစက လက်ထက်တွင်ချုပ်ငြိမ်းစေပြီး ထာဝရငြိမ်းချမ်းရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို တည် ဆောက်၍ အနာဂတ်အတွက် ကောင်းမွန်သည့်အမွေလွှဲပြောင်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)တွင်ကျရောက်သည့် (၇၆) နှစ် မြောက် ကချင်ပြည်နယ်နေ့သို့ တပ်ချုပ်က သဝဏ်လွှာပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ် သည်။
လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခုအချိန်ထိ ကချင်ပြည်နယ်အပါအဝင် အထူးသဖြင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားများနေထိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုမရှိခဲ့သဖြင့် ဒေသခံတိုင်းရင်းသားများသည် လွတ်လပ်ရေး၏အရသာကို အ ပြည့်အဝမခံစားရသေးဘဲ လူမှုဒုက္ခများကို ရင်ဆိုင်နေကြရဆဲဖြစ်သည်ဟု ပြောသည်။
"ပြည်သူအားလုံးမျှော်မှန်းတောင့်တတဲ့ အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ပြည် ထောင်စုကြီးတစ်ခုလုံးငြိမ်းချမ်းရေးရရှိစေဖို့ကို NCA လမ်း ကြောင်းအတိုင်းဆောင်ရွက်ရပါမယ်"ဟု တပ်ချုပ်ကပြောသည်။
ထို့ကြောင့် နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်း ရင်းသားအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံ ရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာအောင်မြင်နိုင်မည်ဖြစ်ပြီး အစိုးရနှင့်တပ်မတော်သည် တိုင်းရင်းသားပြည်သူ များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကလည်း ကချင်ပြည်နယ်တွင် ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်နိုင်ရန် စုစည်းညီညွတ်သောစွမ်းအားဖြင့် လက်တွဲဖော်ဆောင်ကြရမည့် အချိန်အခါဖြစ်သည်ဟုလည်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
USDP ပါတီမှပေးပို့သည့် သဝဏ်လွှာ၌ ပြည်သူတစ်ရပ်လုံးလို လားတောင့်တသော ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် ကချင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဟု တိုက်တွန်းရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်အဖွဲ့များသည် နယ်မြေလုလာသည့်အပြင် ဘာသာရေးကိုပါ စော်ကားလာသည့်အတွက် ပြန်လည်တွန်းလှန်သွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ