အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ကတိပြု
Pika (NSS) - ဇန်နဝါရီ ၁ဝ
ဘဏ္ဍာရေး၊ စွမ်းအင် နှင့် အခြေခံအဆောက်အဦးများ အပါအဝင် အဓိက ကဏ္ဍများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်က ကတိပြုခဲ့ကြောင်း သိရသည်။
ရှီကျင့်ဖျင်သည် သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှစတင်ပြီး အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးလုပ်ငန်းစဉ်များကို အပြင်းအထန်လုပ်ဆောင်ခဲ့သည်။
အဆိုပါလုပ်ငန်းစဉ်မှာ သန့်ရှင်းသောအုပ်ချုပ်ရေးကိုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ရှီကျင့်ဖျင်ကို ထောက်ခံအားပေးသူများက ပြောဆိုထားသော်လည်း ဆန့်ကျင်သူများက ယင်းလုပ်ငန်းစဉ်မှာ ၎င်း၏ နိုင်ငံရေး အတိုက်အခံများကို ရှင်းလင်းဖယ်ရှားရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
ဘဏ္ဍာရေး၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စွမ်းအင်၊ ဆေးဝါး နှင့် အခြေခံအဆောက်အဦးများတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ရန် ရှီကျင့်ဖျင်က အမိန့်ပေးခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။
ရှီကျင့်ဖျင်သည် အာဏာရကွန်မြူနစ်ပါတီ၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီထံ ယခုကဲ့သို့ မိန့်ခွန်းများ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှီကျင့်ဖျင်က "အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရာမှာ ကြီးမားတဲ့အောင်ပွဲတွေရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြေအနေတွေက ဆိုးရွားပြီး မတည်မငြိမ်ဖြစ်နေတုန်းပါပဲ။ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်ရာမှာ ဖွံ့ဖြိုး တိုးတက်မှုအသစ်တွေ၊ အကြောင်းအရင်းနဲ့အခြေအနေတွေကို အပြည့်အဝသိရှိထားသင့်ပါတယ်" ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံတွင် ပါတီအရာရှိပေါင်း(၄ ဒသမ ၈) သန်းခန့်ကို ၂ဝ၁၂ ခုနှစ်မှ စတင်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၂ဝ၂၂ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။
ထို့အပြင် ၎င်းတို့အနက်မှ (၁ ဒသမ ၅) သန်းကျော်ကို နှစ်ရှည်ထောင်ဒဏ်များ အပါအဝင် ရာထူးမှ ထုတ်ပယ်ခြင်း၊ ပါတီမှ ထုတ်ပယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်လများအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်သည် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ နိုင်ငံကျောထောက်နောက်ခံပြု စီးပွားရေးလုပ်ငန်း နှင့် အားကစားလုပ်ငန်း အပါအဝင် အခြားလုပ်ငန်းအများအပြားတွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြစ်နိုင်ခြေရှိသော စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားကြရန် ဆွီဒင်စစ်ဘက် တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ