ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ် ခေါ်ယူမည်မဟုတ်ကြောင်း အာဆင်နယ်နည်းပြပြော
Pika (NSS) - ဇန်နဝါရီ ၉
အာဆင်နယ်အသင်းသည် ဇန်နဝါရီလအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ် ခေါ်ယူရန် စိတ်ကူးများမရှိကြောင်း နည်းပြအာတီတာက ထုတ်ဖော်ပြောခဲ့သည်။
အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း တိုက်စစ်မှူးအသစ် ခေါ်ယူသွားမည်မဟုတ် ကြောင်း အာတီတာက အကြုံပြုပြောခဲ့သည်။
လီဗာပူးလ်အသင်းနှင့် ကစားခဲ့သည့် FA ဖလားပွဲစဉ်တွင် (၂)ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်း သည် ၎င်းတို့၏ တိုက်စစ်ပိုင်းနှင့်ပတ်သက်ပြီး မေးခွန်းထုတ်မှုများကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းကစားသမားများသည် ကစားပွဲအများအပြားတွင် အနိုင်ရရှိရန် လုံလောက်သော အခွင့်အရေး များ ဖန်တီးနိုင်ခဲ့သော်လည်း အဆိုပါအခွင့်အရေးများကို ရယူနိုင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း အာတီတာက ပြောခဲ့သည်။
အာဆင်နယ်တိုက်စစ်မှူး ဂျီးဆပ်သည် နောက်ထပ်ဒဏ်ရာတစ်ခု ရရှိခဲ့ပြီးနောက် အနားယူနေရပြီး တိုက်စစ်မှူး Eddie Nketiah မှာ အရန်ခုံတွင်ထိုင်နေရကြောင်းလည်း သိရသည်။ "ဒီအချိန်မှာ တိုက်စစ်မှူးအသစ်တစ်ဦး ခေါ်ယူဖို့က လက်တွေ့မကျဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ရဲ့အလုပ်က ကစားသမားတွေ ပိုမိုတိုးတက် အောင် လုပ်ပေးဖို့၊ ရှိတဲ့ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ရလဒ်တစ်ခုထွက်အောင် ကြိုးစားပေးဖို့ပဲ ဖြစ်ပါတယ်" ဟု နည်းပြအာတီတာက ပြောခဲ့သည်။
ထို့အပြင် ဂျီးဆပ်၏ ဒဏ်ရာနှင့်ပတ်သက်ပြီး အာတီတာက ပြန်လည်တုံ့ပြန်ဖြေကြားခဲ့ကြောင်းလည်း သိရသည်။ အာတီတာက "ဂျီးဆပ်ဟာ သူ့ရဲ့ဒူးခေါင်းမှာ နာကျင်မှုအချို့ကို ခံစားနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စကန်ဖတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ သူအရင်တုန်းက ရခဲ့ဖူးတဲ့ ဒူးဒဏ်ရာနဲ့ အတူတူပါပဲ။ ကြီးမားတဲ့ ဒဏ်ရာတစ်ခုမဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ကတိပြု
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း