တောင်ကိုရီးယားနိုင်ငံမှာ ၂ဝ၂၇ ခုနှစ်ကစတင်ပြီး ခွေးသား စားသုံး၊ရောင်းချခြင်းတွေကို တရားဝင်ပိတ်ပင်သွားမယ်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၉
တောင်ကိုရီးနိုင်ငံမှာ လာမယ့် ၂၀၂၇ ခုနှစ်က စတင်ပြီး ခွေးသားတွေကို စားသုံးခြင်း၊ ရောင်းချခြင်းများကို တရားဝင်ပိတ်ပင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
တောင်ကိုရီးယားလွှတ်တော်မှာ ခွေးသားရောင်းချ၊ စားသုံးခြင်းတွေကို အဆုံးသတ်စေမယ့် ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ပြီးနောက် ပိတ်ပင်သွားဖို့ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ခွေးသားရောင်းချ၊ စားသုံးခြင်းကို ပိတ်ပင်မယ့်ဥပဒေမူကြမ်းကို လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် အားလုံးကန့်ကွက်သူ မရှိဘဲ ၂ဝ၈ မဲ - ဝ မဲနဲ့ အတည်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားလွှတ်တော်က ခွင့်ပြုလိုက်တဲ့အတွက် နိုင်ငံအတွင်း ခွေးသားရောင်းချ၊ စားသုံးခြင်းတွေကို တားမြစ်မယ့်ဥပဒေကို သမ္မတယွန်ဆက်ယိုလ်ကိုယ်တိုင် လက်မှတ်ရေးထိုးသွားဖွယ်ရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ခွေးသား စားသုံး၊ရောင်းချခြင်းတွေကို တားမြစ်ပိတ်ပင်မယ့်အစီအစဉ်တွေ ထွက်ပေါ် လာပြီးနောက်ပိုင်းကတည်းက ကန့်ကွက်သူတွေရှိခဲ့ကြောင်း သိရပါတယ်။ ဥပဒေအသစ်အရ ခွေးတွေကို စားသုံးဖို့ သတ်ဖြတ်ခြင်း၊ ရောင်းချခြင်း၊ တရားမဝင် မွေးမြူခြင်းများ လုပ်ဆောင်မယ်ဆိုရင် ထောင်ဒဏ် သုံးနှစ် ဒါမှမဟုတ် ဝမ်ငွေကြေး သန်း ၃ဝ ပေးဆောင်ရမယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။ ခွေးတွေကိုရောင်းချတဲ့ စီးပွားရေး လုပ်ငန်းရှင်များက အဆိုပါဥပဒေကိုကျေနပ်နှစ်သက်မှုမရှိဘဲ ဆန္ဒပြပွဲများလုပ်ဆောင်ဖွယ်ရှိနေပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို အယူခံတင်သွင်းဖွယ်ရှိနေကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ခွေးသားတွေကို သတ်ဖြတ်စားသောက်တဲ့အလေ့ထနဲ့ပတ်သက်ပြီး မကြာခဏ ဝေဖန်ပြစ်တင်ခံရပြီးနောက် အခုလိုမျိုး နိုင်ငံအတွင်း ခွေးသား ရောင်းချစားသုံးခြင်းတွေကို ပိတ်ပင်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗုဒ္ဓဘာသာဝင်များ၏ ဘုရားစေတီတော်ကို သံတူဖြင့် ထုကာဖျက်ဆီးခဲ့မှုအပေါ် MNDAA အဖွဲ့ ပြန်လည်တောင်းပန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ