တရုတ်နိုင်ငံထံ စစ်ရေးလျှို့ဝှက်ချက်များ ရောင်းစားခဲ့တဲ့ အမေရိကန်ရေတပ်စစ်သားကို ဖမ်းဆီး ထောင်ချ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၉
အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ထားတဲ့တရုတ်လူမျိုးတစ်ဦးကို စစ်ရေးလျှို့ဝှက်ချက်တွေကို တရုတ်နိုင်ငံသို့ ရောင်းစားမှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၂ နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အသက် ၂၆နှစ် Wenheng Zhao ဟာ Naval Base Ventura County ရေတပ်အခြေစိုက်စခန်းမှာ တာဝန်ထမ်းဆောင်ချိန်အတွင်း စစ်ရေးနဲ့ပတ်သက်ပြီးဆောင်ရွက်ရတဲ့ လျှို့ဝှက် သတင်းအချက်အလက်တွေကို တရုတ်ထောက်လှမ်းရေးအရာရှိတွေထံ ရောင်းစားခဲ့ကြောင်း၊ စစ်ရေးလျှို့ဝှက်ချက် တွေကို ရောင်းစားခဲ့ခြင်းကြောင့် ၎င်းဟာ တရုတ်ထောက်လှမ်းရေးအဖွဲ့ထံကနေ အမေရိကန်ဒေါ်လာ ၁၅ဝဝဝ နီးပါး ငွေကြေးရရှိခဲ့ကြောင်း အမေရိကန်တရားရေးဌာနက ဖော်ပြထားပါတယ်။
အဆိုပါအမေရိကန်ရေတပ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wenheng Zhao က ၎င်းဟာ အမေရိကန်စစ်တပ်နဲ့ ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုရောင်းစားခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ပြီးခဲ့တဲ့နှစ်မှာ ဝန်ခံထား ပါတယ်။
အမေရိကန်တရားရေးရေးဌာနက အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်ထားတဲ့ တရုတ်လူမျိုး Wenheng Zhao ကို ထောင်ဒဏ် ၂၇ လ နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ ၅၅ဝဝ ကျော် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းဟာ တရုတ်နိုင်ငံသို့ ရောင်းစားခဲ့တဲ့ စစ်ရေးလျှို့ဝှက်ချက်တွေထဲမှာ အင်ဒို-ပစိဖိတ်ဒေသမှာ ကြီးမားတဲ့စစ်ရေး လေ့ကျင့်ခန်းလုပ်ဆောင်တဲ့အစီအစဉ်တွေအပြင် အီကီနာဝါစစ်အခြေစိုက်စခန်းရှိ လေကြောင်းရန် ကာကွယ်ရေး ရေဒါစနစ် နဲ့ မြေပြင်အခြေအနေများကို တရုတ်ထောက်လှမ်းရေးအဖွဲ့ထံ လျှို့ဝှက်ပေးပို့ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ၎င်းက အမေရိကန်နိုင်ငံရဲ့လုံခြုံရေးကိုထိခိုက်စေအောင် တရုတ်အစိုးရဲ့ကြိုးပမ်းမှုအားလုံး ကို တိုက်ဖျက်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်တရားရေးဌာနမှာ ထွက်ဆိုထားပြီး ချိုးဖောက်မှုတွေအတွက် တာဝန်ယူသွားမှာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်းဘူးမြို့တွင် လုပ်ငန်းခွင်၌ထိခိုက်မိ၍ မျက်လုံးကွယ်သွားသောအလုပ်သမားအား အကျိုးခံစားခွင့် ကျပ်သိန်း ၄၀ နီးပါးပေးအပ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ