ရန်စမှုမှန်သမျှကို စစ်ရေးအရတိုက်ခိုက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုကာ အမြောက်ကျည် (၉ဝ) ကျော်ကို မြောက်ကိုရီးယားအစိုးရ ထပ်မံပစ်လွှတ်
Pika (NSS) - ဇန်နဝါရီ ၈
မြောက်ကိုရီးယားနိုင်ငံသည် ရန်စမှု မှန်သမျှကို လက်တုံ့ပြန်သည့်အနေဖြင့် စစ်ရေးအရ တိုက်ခိုက်မှုများကို ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ညီမဖြစ်သူ ကင်ယိုဂျုံက ဇန်နဝါရီလ(၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
မြောက်ကိုရီးယားစစ်တပ်သည် ဇန်နဝါရီလ(၅)ရက်နေ့တွင် အမြောက်ကျည်(၂၀၀)ကျော်ကို ကြားခံဇုန်အတွင်းသို့ ပစ်လွှတ်ခဲ့ပြီး ဇန်နဝါရီလ(၆)ရက်နေ့တွင် နောက်ထပ်အမြောက်ကျည်(၆ဝ)ကျော် ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကင်ယိုဂျုံ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့အပြင် မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီလ(၇)ရက်တွင် အမြောက်ကျည်(၉ဝ)ကျော်ကို ထပ်မံပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။
အဆိုပါ အမြောက်ကျည်များ ပစ်လွှတ်မှုသည် တောင်ကိုရီးယားနိုင်ငံကို ခြိမ်းခြောက်နေခြင်းမျိုးမဟုတ်ကြောင်း မြောက်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ ကင်ယိုဂျုံ က "ရန်သူတွေက ရန်စမှုတွေ လုပ်ဆောင်လာမယ် ဆိုရင် မြောက်ကိုရီးယားစစ်တပ်ဟာ စစ်ရေးအရ တိုက်ခိုက်မှုတွေကို ချက်ချင်းလုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
မြောက်ကိုရီးယား၏ ပစ်ခတ်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်သည် ဇန်နဝါရီလ(၅) ရက်တွင် ပင်လယ်ပြင်အတွင်း ပစ်ခတ်လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
တောင်ကိုရီးယား နှင့် မြောက်ကိုရီးယား နယ်စပ်နှစ်ဖက်လုံးတွင် ဇန်နဝါရီလ(၅)ရက်က လုပ်ဆောင်သော စစ်ရေးလေ့ကျင့်မှုများကြောင့် တောင်ကိုရီးယားနယ်စပ်ကျွန်းများရှိ ဒေသခံများကို ဗုံးခိုကျင်းများထဲတွင်သာ နေထိုင်ကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
သို့သော်လည်း မြောက်ကိုရီးယားဖက်က ပစ်လွှတ်လိုက်သော အမြောက်ကျည်များသည် နှစ်နိုင်ငံကြား ရေကြောင်း နယ်နိမိတ်ကို ဖြတ်ကျော်ကာ ကျရောက်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ