ယူကရိန်းစစ်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
Pika (NSS) - ဇန်နဝါရီ ၈
ရုရှားတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်(၂၄)နာရီအတွင်း ယူကရိန်းစစ်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ(၇)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
Su-25 လေကြောင်းထောက်ပံ့ရေးလေယာဉ်ကို ရှေ့တန်းစစ်မြေမျက်နှာပြင်၏ မြောက်ဖက်(၁၅၀)ကီလိုမီတာ အကွာတွင်ရှိသော Dnepropetrovsk မြို့အနီးတွင် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ယူကရိန်း၏ Su-27 တိုက်လေယာဉ်ကို Dnepropetrovsk မြို့အနောက်ဖက် (၁၄ဝ) ကီလိုမီတာ အကွာ တွင် ရှိသော Krivoy Rog မြို့တွင် ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများ က ပြောကြားခဲ့သည်။ အမေရိကန်မှ ထောက်ပံ့ပေးထားသော HIMARS ဒုံးကျည်စနစ် နှင့် ဆိုဗီယက်ခေတ်သုံး Uragan ဒုံးကျည်စနစ်များ မှ ပစ်လွှတ်သော ဒုံးကျည်(၁၄)စင်းအပြင် ယူကရိန်း၏ သင်္ဘောဖျက် Neptune ဒုံးကျည်(၆)စင်းကိုလည်း ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားစစ်တပ် က ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားတပ်ဖွဲ့များသည် ပြီးခဲ့သည့်(၂၄)နာရီအတွင်း ရှေ့တန်းစစ်မြေမျက်နှာပြင်တစ်လျှောက်တွင် ယူကရိန်း၏ ဒရုန်း(၃၈)စင်းကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတည်းက ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ စစ်လေယာဉ်(၅၆၇)စင်း၊ ရဟတ်ယာဉ်(၂၆၅)စင်း နှင့် ဒရုန်း(၁၀၅၂၆)စီးတို့ကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် စစ်ဘက်ဆိုင်ရာစနစ်သစ်များကို လက်ခံရရှိထားပြီး (၅)ရက်အတွင်း ယူကရိန်းစစ်လေယာဉ် (၂၄)စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
သို့သော်လည်း အဆိုပါကိစ္စများနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက်အလက်များကို ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ရုရှားတပ်ဖွဲ့များသည် အကွာအဝေး ကီလိုမီတာ (၄ဝဝ) ခန့်အထိ ရောက်ရှိနိုင်သော S-400 Triumph လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အသုံးပြုနေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး TASS သတင်းအေဂျင်စီက နောက်ပိုင်းတွင် ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂစစ်တပ်ကို ဖွဲ့စည်းရန် အီတလီနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ