ဖားကန့်မြို့နယ်ရှိ လုံခြုံရေးစခန်းများအား KIA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေ
ကျော် (NSS) - ဇန်နဝါရီ-၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ တပ်မတော်လုံခြုံရေးစခန်းများအား KIA ၊ PDF ပူးပေါင်းအဖွဲ့ဝင်များမှ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းမှစတင်ကာ ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
KIA ၊ PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါ ရီ ၆ ရက် နံနက် ၅ နာရီခန့်မှစတင်ကာ ဖားကန့်-အင်းတော်ကြီး သွား ကားလမ်းပေါ်ရှိ လုံခြုံရေးစခန်းများဖြစ်သည့် ဝှေလုံ၊ ဝှေခါ၊ နန့်တိန့်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
"အင်အားအလုံးအရင်းနဲ့ စခန်း ၃ ခုကို တပြိုင်တည်းဝင်တိုက်ကြတာ တိုက်ပွဲက အတော်ပြင်းတယ်။ လက်နက်ကြီးသံတွေကော သေနတ်သံတွေကော ဆက်တိုက်နီးပါးကြားရတယ်။ ကျွန်တော်တို့က ဝှေခါစခန်းနားနဲ့ နီးတော့ တိုက်ပွဲဖြစ်ပြီး မနက် ၁ဝ နာရီလောက်အထိ စောင့်ကြည့်သေးတယ်။ အခြေအနေပိုဆိုးလာနိုင်တဲ့အနေအ ထားရှိနေတဲ့အတွက် ဖားကန့်မြို့ထဲကိုရွှေ့လာခဲ့ရတယ်" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
တပ်မတော်နှင့် KIA ၊ PDF ပူးပေါင်းအဖွဲ့၏ တိုက်ပွဲဖြစ်ပွားမှုသည် ဇန်နဝါရီ ၆ ရက် နံနက်အစောပိုင်းမှ စတင်ကာ ၇ နာရီကျော်အထိဖြစ်ပေါ်ခဲ့ပြီးနောက် ယမန်နေ့ ဇန်နဝါရီ ၇ ရက် နံနက်အစောပိုင်းတွင်လည်း စတင်တိုက်ခိုက်ခဲ့ သည့် လုံခြုံရေးစခန်း(၃)ခုအပြင် နမ့်မှော်လုံခြုံရေးစခန်းကိုပါ ထပ်မံ ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
"မနေ့က (ဇန်နဝါရီ ၇ ရက်) က လက်နက်ကြီးကျည်တစ်လုံး ဖားကန့်မြို့၊ ငှက်ပျောတောရပ် ကွက်ထဲကိုကျပြီး ပေါက်ကွဲမှုဖြစ်လို့ အမျိုးသမီးတစ်ယောက် တင်ပဆုံရိုး ထိသွားတယ်လို့ ကြားတယ်။ ဆေးရုံပို့ပေးထားရတယ်လို့ လည်းကြားတယ်။ တပ်မတော်စခန်းတစ်ချို့လည်း သိမ်းခံရတယ်ကြားတယ်။ ဒါကိုတော့ ကျွန်တော်လည်း အတိ အကျမသိဘူး။ ကြားမိသလောက်ပါ" ဟု ဒေ သခံတစ်ဦးက ပြောသည်။
ထိုသို့ KIA ၊ PDF ပူးပေါင်းအဖွဲ့၏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နယ်အတွင်းသို့ အဝေးပြေး ခရီးသည်တင်ကားများ၊ ကုန်တင်ကားများ အဝင်/အထွက်ပြုလုပ်နိုင်ခြင်းမရှိဘဲ ဝင်ရောက်မည့်ကားများမှာ ရောက်ရှိသည့်နေရာများ၌ ရပ်တန့်ထားရပြီး ထွက်ခွာမည့်ကားများမှာလည်း ရပ်နားထားရကြောင်း သိရသည်။
ဖားကန့်မြို့နယ်အတွင်းသို့ ကုန်တင်ကားများ ဝင်/ထွက်နိုင်ခြင်းမရှိသဖြင့် တိုက်ပွဲဖြစ်ပွားမှုရက်ကြာလာပါက ဒေသခံများအတွက် အခြေခံစားသောက်ကုန်များပြတ်လပ်နိုင်သဖြင့် ကြို တင်စုဆောင်းဝယ်ယူမှုများလည်းရှိနေ ကြောင်း ဒေသခံများထံမှသိရသည်။
"ဖားကန့်က အရင်ထဲကကုန်စျေးနှုန်းကြီးတာ။ အခုလိုတိုက်ပွဲဖြစ်ပြီး ကုန်ကားတွေ အဝင်/အထွက်မရှိတော့ဘူး ဆိုရင် ကုန်စျေးနှုန်းပိုတက်လာနိုင်သလို စားသောက်ကုန်တွေလည်းပြတ်သွားနိုင်တယ်။ တစ်ချို့ဆိုရင် စားသောက် ကုန်တွေ ဝယ်စုနေကြတာတွေ့တယ်။ ပိုက်ဆံရှိတဲ့လူတွေက အဲဒီလိုဝယ်စုနေကြတော့ စားသောက်ကုန်တွေသာ အမှန်တကယ်ပြတ်လပ်သွားရင် အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေဖြစ်လာ မှာ သေချာတယ်" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ဖားကန့်ဒေသခံအချို့မှာ တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစတင်၍ တိုက်ပွဲနှင့်လွတ် ကင်းသောနေရာများ သို့ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာပါက ဖားကန့်မြို့နယ်အတွင်းမှ တိမ်းရှောင်မှုများပြု လုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိမ်းရှောင်မှုများပြုလုပ်ရန်ကြိုတင်စီစဥ်ထားမှုများရှိသော်လည်း ဝှေခါလုံခြုံရေးစခန်းအနီးရှိ ဝှေခါကျေးရွာ တွင်နေထိုင်သူများမှာ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၆ ရက် ညပိုင်းမှစတင်၍ တိုက်ပွဲနှင့်လွတ်ကင်း သော ဖားကန့်မြို့ နှင့် ဆိုင်းတောင်ကျေးရွာသို့ စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်လာခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံအထူးကိုယ်စားလှယ်နှင့် EAOs အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ UEC ဥက္ကဋ္ဌတို့ကြား တွေ့ဆုံပွဲ(၂)ခုကို မကြာခင်ရက်ပိုင်း၌ ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ