ဂါဇာစစ်ပွဲ ရက်ပေါင်း ၉ဝ ကျော်လာပေမယ့် အစ္စရေးတို့ စစ်ရေးရည်မှန်းချက်တွေမရခဲ့ဟု အီရန်အစိုးရ ဝေဖန်
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၈
အီရန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကိုတိုက်ခိုက်နေတာတွေ ရက်ပေါင်း ၉ဝ ကျော်လာပေမယ့် လက်ရှိအချိန်အထိ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ထားရှိတဲ့ရည်မှန်းချက်တွေ ရယူနိုင်ခြင်းမရှိသေးကြောင်း ပြောပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကိုအမြစ်ပြတ်ချေမှုန်းဖို့ နဲ့ ဖမ်းဆီးထားသူတွေကို ပြန်ကယ်တင်နိုင် ဖို့ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအချိန်အထိ အပြည့်အဝအကောင်ထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း အီရန်နိုင်ငံခြား ရေးဝန်ကြီး Hossein Amir-Abdollahian က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက "ဂါဇာစစ်ပွဲဟာ ရက်ပေါင်း ၉ဝ ကျော်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် အစ္စရေးဟာ စစ်ပွဲနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေမရသေးဘူး။ ဒါကြောင့် အစ္စရေးဟာ ဂါဇာဒေသအပြင်ဘက်မှာ လုပ်ကြံသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့နားမှာ ဟားမက်စ်ခေါင်းဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ပြီး နိုင်ပွဲရယူနိုင်တဲ့ပုံစံမျိုး လုပ်ပြခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေဖြစ်နေသလို အမေရိကန်နိုင်ငံနဲ့ လည်း အငြင်းပွားမှုတွေရှိနေကြောင်း ၎င်းက ပြောပါတယ်။
အရှေ့အလယ်ပိုင်းဒေသအတွင်း လုံခြုံရေးဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ ပြီးဆုံးချိန်မှသာ ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။ အီရန်နိုင်ငံရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံကို ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့တာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားကန့်မြို့နယ်ရှိ လုံခြုံရေးစခန်းများအား KIA ၊ PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ