စစ်မျက်နှာနှစ်ခု ဖွင့်မယ်ဆိုရင် အစ္စရေးက စစ်ပွဲမှာ အနိုင်ရမှာမဟုတ်ဟုဆို
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၈
အစ္စရေးနိုင်ငံဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့နဲ့လည်း စစ်ပွဲဖြစ်ပွားမယ်ဆိုရင် အနိုင်ရမှာမဟုတ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက ပြောပါတယ်။
အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ Defense Intelligence Agency (DIA) က အစ္စရေးဟာ စစ်မျက်နှာနှစ်ခု ဖွင့်လိုက်မယ်ဆိုရင် အနိုင်ရဖို့ အခက်အခဲများဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ စစ်ပွဲဖြစ်ပွားနေပြီး ဟစ်ဘိုလာအုပ်စုနဲ့ စစ်ပွဲထပ်ဖြစ်မယ်ဆိုရင် စစ်မျက်နှာနှစ်ခု ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်းတည်းက အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်နေပြီး အစ္စရေးက ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေကို လေကြောင်းက ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက လက်ဘနွန်နယ်စပ်လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အစ္စရေးနိုင်ငံကို စစ်မျက်နှာအသစ် ထပ်မံဖွင့်လှစ်တာမျိုးမလုပ်ဖို့ သီးသန့် တွေ့ဆုံဆွေးနွေးချိန်အအတွင်း သတိပေးပြောဆိုထားကြောင်း သိရပါတယ်။
"အမေရိကန်အမျိုးသားထောက်လှမ်းရေး (DIA) ရဲ့ လျှို့ဝှက်ဆန်းစစ်အကဲဖြတ်မှုအသစ်အရ အစ္စရေးစစ်တပ် ဟာ စစ်မျက်နှာတွေ ပိုမိုကျယ်ပြန့်စွာရင်ဆိုင်ရမယ်ဆိုရင် အားနည်းတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အနိုင်ရဖို့ အခက်အခဲဖြစ်လာနိုင်တယ်။ အစ္စရေးစစ်တပ်မှာ တပ်ဖွဲ့ဝင်အရေအတွက်နည်းပါးပြီး ဂါဇာစစ်ပွဲ ပဋိပက္ခတွေမှာ အရန်တပ်ဖွဲ့တွေကို အားကိုးနေရတယ်" လို့ အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦး က ပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ ဟားမက်စ်လက်နက်ကိုင်အုပ်စုနဲ့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရန်တပ်ဖွဲ့ဝင်ပေါင်း ၃၆ဝဝဝဝ ကျော် ခေါ်ယူခဲ့ရပြီး၊ အဲဒီအရန်တပ်ဖွဲ့ဝင်ထဲက တစ်ချို့ကို ပြန်လွှတ်ရဖွယ်ရှိနေကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော လျှပ်စစ်ဝန်ထမ်း (၁၆)ဦး ပြန်လည်လွတ်မြောက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ