ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော လျှပ်စစ်ဝန်ထမ်း (၁၆)ဦး ပြန်လည်လွတ်မြောက်
မြူနစ် (NSS) - ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၌ PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသော လျှပ်စစ်ဝန်ထမ်း (၁၆)ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
၎င်းလျှပ်စစ်ဝန်ထမ်း (၁၆)ဦးသည် ကန့်ဘလူမြို့နယ် သဖန်းဆိပ်ဆည်နှင့် ရေအားလျှပ်စစ်စက်ရုံရှိ ထရန်စဖော်မာများ မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ပျက်စီးထိခိုက်မှုများကို သွားရောက်ပြုပြင်စဉ် သဖန်းဆိပ် ဆည်အနီးရှိ ဆင်စွယ်ရွာ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရသော လျှပ်စစ်ဝန်ထမ်း (၁၆)ဦးသည် ယမန်နေ့(ဇန်နဝါရီ ၇ ရက်) ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက NP News ကို ပြောသည်။
“မနေ့ ညနေက ပြန်လွတ်လာတာ။ သဖန်းဆိပ်နားက ကုက္ကိုကုန်းရွာမှာ မီးမလာလို့ ဖမ်းတာလို့ ပြောတယ်။ သူတို့ ရွာကို မီးဖြတ်ထားလို့ပေါ့။ မီးပေးပါမယ်ဆိုပြီးတော့ ခံဝန်ကတိနဲ့ လက်မှတ်ထိုးပြီးတော့ ပြန်လွတ်လာတာ။ အကုန်လုံးကတော့ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာပါတယ်” ဟု ကန့်ဘလူမြို့ခံက ပြောသည်။
အထက်ပါကဲ့သို့ ထရန်စဖော်မာများ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ၎င်းမှထွက်ရှိသည့် လျှပ်စစ်ဓာတ်ကို အသုံးပြုနေကြသည့် မြို့နှင့်ကျေးရွာများအနေဖြင့် ဓာတ်အားပြတ်တောက်မှုအခြေအနေကို ရင်ဆိုင်နေရကာ အခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။
နိုင်ငံအတွင်း၌ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူနှင့်သက်ဆိုင်သည့် လျှပ်စစ်တာဝါတိုင် အများအပြား ကို မိုင်းခွဲဖျက်ဆီးသော ဖြစ်စဉ်များရှိခဲ့ဖူးပြီး နိုင်ငံ့ဘဏ္ဍာများလည်း နစ်နာဆုံးရှုံးနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်အတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း(၃ဝဝ)နီးပါး ရရှိထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း