အကျင့်ပျက်လာဘ်စားမှုတွေကြောင့် တရုတ်စစ်တပ်အရာရှိကြီးတွေကို ရာထူးက ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၈
အမေရိန်ထောက်လှမ်းရေးတပ်ဖွဲ့က နှစ်သစ်ကူးမတိုင်ခင် ရာထူးက ထုတ်ပယ်ခံရတဲ့ တရုတ်စစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေဟာ စစ်တပ်အတွင်းအကျင့်ပျက်လာဘ်စားမှုတွေကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဒုံးကျည်တပ်ဖွဲ့နဲ့ပတ်သက်ပြီး ကြီးမားတဲ့ရင်းနှီးမြှုပ်နှံ့မှုတွေ လုပ်ဆောင် ခဲ့ပြီး ထုတ်ပယ်ခံရတဲ့ စစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေဟာ ဒုံးကျည်တပ်ဖွဲ့က အဓိကတာဝန်ရှိနေသူတွေဖြစ် ကြောင်း သိရပါတယ်။
အဆိုပါစစ်ဘက်အရာကြီးတွေဟာ တံဆိုးလက်ဆောင်များ ရယူခဲ့တာမျိုးတွေရှိခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ “Bloomberg” သတင်းဌာနရဲ့အရင်းအမြစ်တွေက တရုတ်ဒုံးကျည်တပ်ဖွဲ့ က လူတွေဟာ ဒုံးကျည်တွေကို လောင်စာဆီ အသုံးပြုရမယ့်အစား ရေတွေ ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနောက်ပိုင်းရှိ ဒုံးကျည်ပစ်လွှတ်တဲ့နေရာတွေကို အလွဲသုံးစားလုပ်ဆောင်ခဲ့သလို ဒုံးကျည် ကျည်ဆံတွေကို ထိရောက်မှုမရှိအောင် လုပ်ဆောင်တာမျိုးတွေရှိခဲ့ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။
တရုတ်ဒုံးကျည်တပ်ဖွဲ့အတွင်း အကျင့်ပျက်လာဘ်စားမှုတွေရှိလာခြင်းကြောင့် တရုတ်သမ္မတရှီကျင့်ဖျင့်ရဲ့ တရုတ် စစ်တပ်ကို ၂ဝ၂၇ ခုနှစ်အတွင်း ပိုမိုခေတ်မီ အောင်လုပ်ဆောင်မယ့်အစီအစဉ်ကို နှောင့်နှေးဖွယ်ရှိနေကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အမေရိကန်အစိုးရက အကျင့်ပျက်လာဘ်စားမှုတွေဟာ တရုတ်စစ်တပ်ရဲ့ စွမ်းဆောင်ရည်တွေယုံကြည်မှု ကျဆင်း စေခဲ့ပြီး စစ်တပ်အတွင်း အပြောင်းအလဲတွေ ထပ်မံလုပ်ဆောင်လာဖွယ်ရှိနေကြောင်း သတင်းတွေထွက်ပေါ်နေပါ တယ်။ တရုတ်စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကာကွယ်ရေးဝန်ကြီး အပါအဝင် တရုတ်စစ်တပ်ရဲ့အဆင့်မြင့်အရာရှိ ကြီး ၉ ဦးကို ရာထူးက ထုတ်ပယ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ တရုတ်စစ်တပ်ဟာ စစ်ဘက် အဆင့်မြင့်အရာရှိကြီးတွေကို ရာထူးကနေ ထုတ်ပယ်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပေမယ့် ဘာကြောင့် ထုတ်ပယ်ခဲ့ရသလဲဆိုတဲ့အချက်ကို အသေးစိတ်ဖော်ပြတာမျိုးမရှိခဲ့ပါဘူး။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မျက်နှာနှစ်ခု ဖွင့်မယ်ဆိုရင် အစ္စရေးက စစ်ပွဲမှာ အနိုင်ရမှာမဟုတ်ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ