Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမြောက်ကျည်ဆန်(၂ဝဝ)ကျော် ပစ်လွှတ်မှုက တောင်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုကို ပုံမှန်လက်တုံ့ပြန်ခြင်းမျိုးသာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော

Pika (NSS) - ဇန်နဝါရီ ၆

မြောက်ကိုရီးယားနိုင်ငံ အနောက်ဘက်ကမ်းလွန်ပြင်တွင် ဇန်နဝါရီလ(၅)ရက်က လုပ်ဆောင်ခဲ့သော အမြောက် ကျည်ဆန်ပေါင်း(၂ဝဝ)ကျော် ပစ်လွှတ်မှုသည် တောင်ကိုရီးယား၏ ကြီးမားသောစစ်ရေးလှုပ်ရှားမှုကို ပုံမှန်လက်တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါပစ်လွှတ်မှုကြောင့် တောင်ကိုရီးယားကျွန်းစုများ၏ လုံခြုံရေးကို ထိခိုက်မှုမျိုးမရှိကြောင်း KCNA က ထပ်မံဖော်ပြခဲ့သည်။

မြောက်ကိုရီးယားစစ်တပ်သည် ဇန်နဝါရီလ(၅)ရက် နံနက်ပိုင်းတွင် Yeonpyeong နှင့် Baengnyeong ကျွန်းများ အနီးသို့ အမြောက်ကျည်ဆန်ပေါင်း(၂ဝဝ)ကျော် ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။ 


အဆိုပါကျွန်းနှစ်ကျွန်းသည် တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားကြားရှိ ရေကြောင်းနယ်နိမိတ် တောင်ဖက်တွင် ရှိသော တောင်ကိုရီးယားကျွန်းနှစ်ကျွန်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါအမြောက်ကျည်များသည် နှစ်နိုင်ငံ ကြား ၂ဝ၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော တင်းမာမှုလျှော့ရေး သဘောတူညီချက်အရ ဖန်တီးထားသည့် နယ်စပ်တစ်လျှောက်ရှိ ကြားခံဇုန်အတွင်းသို့ ကျရောက်သွားခဲ့ကြောင်း သိရသည်။

"ကြားခံဇုန်အတွင်းမှာ အမြောက်ကျည်ပစ်ခတ်မှုတွေ ပြန်လည်စတင်တာဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ငြိမ်းချမ်းရေး ကိုခြိမ်းခြောက်ကာ တင်းမာမှုတွေကို ပိုမိုတိုးမြင့် လာစေတဲ့ ရန်စတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယား ရဲ့လုပ်ရပ်ကိုလက်တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်ဟာ ပြင်းထန်တဲ့ ချက်ချင်းလက်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ဟာ အင်အားသုံးပြီး ငြိမ်းချမ်းရေးကို ပြန်လည်ရယူရပါမယ်" ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး Shin Won-sik က ပြောခဲ့သည်။


တောင်ကိုရီးယားအနေဖြင့် လက်တုံ့ပြန်မှုဟုခေါ်ဆိုသည့် ရန်စမှုများကို မလုပ်ဆောင်သင့်ကြောင်း နှင့် ရန်စမှုများ ရှိလာပါက မကြုံစဖူးအဆင့်ဖြင့် လက်တုံ့ပြန်မှုများကို လုပ်ဆောင်သွားမည်ဟု မြောက်ကိုရီးယားစစ်တပ်က သတိပေးခဲ့ကြောင်း KCNA က ဖော်ပြခဲ့သည်။

KCNA က "အမြောက်ကျည်ဆန်ပေါင်း (၂ဝဝ)ကျော် ပစ်ခတ်မှုဟာ Baengnyeong နဲ့ Yeonpyeong ကျွန်းတွေရဲ့လုံခြုံရေးကို ထိခိုက်မှုမျိုးမရှိခဲ့ပါဘူး" ဟု ရေးသားဖော်ပြထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၌ အားလုံးပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို ဝိုင်းကူပေးရန် နိုင်ငံရေးပါတီများကို တပ်ချုပ်ပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved