Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၌ အားလုံးပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို ဝိုင်းကူပေးရန် နိုင်ငံရေးပါတီများကို တပ်ချုပ်ပြော

ပုံစာ - ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ်တွင် တပ်ချုပ်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခဲ့စဉ်

မျိုးကြီး/Pearl (NSS) - ဇန်နဝါရီ ၆

တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်၌ အားလုံးပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်ကို ဝိုင်းကူပေးရန် နိုင်ငံရေးပါတီများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်းသိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ (၃၉)ပါတီခန့်တို့သည် ယနေ့(ဇန်နဝါရီလ ၆ ရက်)၊ နံနက် ၉ နာရီမှစတင်ကာ နေ့လည် ၁ နာရီဝန်းကျင်အချိန်အထိ နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားသည့် နိုင်ငံရေးပါတီ (၄၅)ပါတီနှင့် တပ်ချုပ်တို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းတွေ့ဆုံပွဲအား နိုင်ငံရေးပါတီ (၆)ပါတီခန့်က တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“(၄၅)ပါတီမှာမှ ပျက်ကွက်တာက (၆)ပါတီလောက်ရှိတယ်။ ဆိုတော့ တစ်ပါတီချင်းအလိုက် လိုအပ်ချက်တွေ ပြောကြတာပေါ့။ တိုင်းပြည်ကိစ္စတို့ ၊ အဲဒီပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတို့၊ ဖြေလျော့ပေးဖို့တို့ ပြောကြတာပေါ့”ဟု ၎င်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော နိုင်ငံရေးပါတီတည် ထောင်သူတစ်ဦးက NSS ကို ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများအနေဖြင့် တစ်ပါတီအလိုက် ၎င်းတို့၏ လိုအပ်ချက်၊ တွေ့ကြုံနေရသည့်အခက်အခဲများကိုလည်း တင်ပြဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲကို ကျင်းပပေးမည့်အကြောင်း ပါတီများအား အသိပေးပြောဆိုမှုရှိခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NSS ကို ပြောသည်။

“ပထမသူတို့ ပြောခဲ့တာရှိတာပေါ့။ အကြားအလပ်မရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပေမယ်လို့ ဦးတည်ခဲ့တာရှိတယ်။ ဒါပေမဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတာကတော့ ရွေးကောက်ခံကိုယ်စားလှယ် ထက်ဝက်ကျော်လွှတ်တော်ထဲကို ရောက်ရင် အစိုးရဖွဲ့နိုင်တဲ့ ဥပဒေပါ ပေးထားချက်ရှိတယ်။ အဲဒီတော့ ထက်ဝက်ကျော်ဆိုတာကလည်း တပ်မတော်သားဘက်က ၂၅ ရာခိုင်နှုန်း ရှိပြီးပြီ။ ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကျော်ကျော်လောက်ကို ရွေးကောက်လိုက်ရင် အထမြောက်တယ်။ ဒါပေမဲ့ ဂုဏ်သိက္ခာလိုအပ်တဲ့အခါကြတော့ အဲဒီလောက်နဲ့မဖြစ်ဘူး။ အဲဒါကြောင့် အခြေခံဥပဒေပါအတိုင်း ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး တည်ငြိမ်အေးချမ်းတဲ့ အခင်းအကျင်းရှိတဲ့အချိန်လေးမှာ အတတ်နိုင်ဆုံးကျင်းပချင်တယ်။ အဲဒါလေးတွေကို ပြောပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်မြောက်ရန် တည်ငြိမ်အေးချမ်းရေးသည်အရေးကြီးသည့်အတွက် ပါတီများအနေဖြင့် ဝိုင်းကူပေးကြရန်လည်း တပ်ချုပ်က မေတ္တာရပ်ခံပြောကြားခဲ့ကြောင်းလည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါ တီတည်ထောင်သူတစ်ဦးက NP News ကို ထပ်မံပြောသည်။

ထို့ပြင် တိုင်းပြည် မငြိမ်မသက်ဖြစ်နေချိန်တွင် အားလုံးပါဝင်သော ပြည်သူ့လုံခြုံရေးစနစ်၌ ပါတီများအနေဖြင့် ဝိုင်းကူပေးကြရန်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

“နောက်တစ်ခုက အခုလက်ရှိ တိုင်းပြည်မငြိမ်မသက် ဖြစ်နေတဲ့ကိစ္စမှာ ပြည်သူ့လုံခြုံရေးစနစ်ပေါ့။ အားလုံး ပူးပေါင်းပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်မှာ ပါတီတွေကလည်း ဝိုင်းကူကြဖို့ပေါ့။ အဲဒါကို ပြောတယ်” ဟု နိုင်ငံရေးပါတီတည်ထောင်သူ တစ်ဦးက ထပ်မံပြောသည်။

နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းကူညီပေးရန်လိုအပ်ကြောင်း တပ်ချုပ်အနေဖြင့် ပြောဆိုမှုရှိခဲ့သည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထို့ပြင် တပ်ချုပ်အနေဖြင့် “အခုနလို အကြမ်းပဲ ဖက်ဖက်ပေါ့၊ မဟုတ်တာပဲ လုပ်လုပ်ပေါ့။ အိမ်တစ်အိမ်မှာရှိနေပြီဆိုရင် သူ့ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာကို။ မူးယစ်ပဲဖြစ်ဖြစ်၊ အကြမ်းဖက်ပဲဖြစ်ဖြစ်၊ ဖောက်ခွဲတာပဲ ဖြစ်ဖြစ်ပေါ့ အဲဒီပတ်ပတ်လည်က သတင်းပြန်ပို့မှပဲ သူတို့ ဒါကိုတားဆီးနိုင်မယ်။ ကာကွယ်နိုင်မယ်။ အဲဒီလိုနည်းနဲ့ တားဆီးကာကွယ်နိုင်ခဲ့တယ်။ သတင်းရဲ့တန်ဖိုးပေါ့။ အဲဒီတော့ပြည်သူတွေရဲ့ လုံခြုံရေးအရ ပြည်သူတွေ ပူးပေါင်းပါဝင်ကူညီမှပဲ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်။ အဲဒီလို ကဏ္ဍမျိုးမှာ နိုင်ငံရေးပါတီများဘက်ကလည်း ပူးပေါင်းကူညီပေးကြပါလို့ ပြောတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများကြား တွေ့ဆုံပွဲကို ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မြောက်ခဲ့ဘဲ ယနေ့မှသာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျပ်သန်း(၄၀၀၀)ကျော်အကုန်အကျခံကာ တည်ဆောက်ထားသည့် ပြည့်မြို့ပြည်သူ့ဆေးရုံကြီး၏ ငါးထပ်ကုသဆောင်သစ် ဖွင့်လှစ်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved