ရှမ်းယူနိုက်တက်အသင်းက လွိုင်လင်မြို့တွင် လူငယ်ဘောလုံးသင်တန်းဖွင့်လှစ်မည်
ကျော် (NSS) - ဇန်နဝါရီ ၆
မြန်မာနေရှင်နယ်လိဂ်(MNL)ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက လာမည့် ဇန်နဝါရီလ ၈ ရက်မှစတင်ကာ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၌ လူငယ်ဘော လုံးသင်တန်း(၁/၂၀၂၄)ကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းထံမှ သိရသည်။
အဆိုပါ လူငယ်ဘောလုံးသင်တန်းအား အားကစားနှင့်လူငယ်ရေးရာဝန် ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လွိုင်လင်ဘောလုံးအဖွဲ့ချုပ် နှင့် ရှမ်းယူနိုက်တက်အသင်းတို့ပူးပေါင်း၍ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမခြေလှမ်းအဖြစ် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
"ဘောလုံးသင်တန်းက ရက်အများကြီးမဟုတ်ပေမယ့် အကျိုးရှိနိုင်မယ့်အရာတွေကို ရွေးချယ်သင်ပေးသွားမှာပါ။ ကလေးတွေ ဘောလုံးအားကစားကို စိတ်ဝင်စားပြီဆိုရင် လမ်းမှားရောက်ဖို့ အခွင့်အရေးနည်းသွားမယ်။ လူငယ်ဘဝမှာကတည်းက ဘောလုံးကိုစနစ်တကျကန်တတ်ဖို့ ဒီသင်တန်းက အထောက်အကူတစ်ခုဖြစ်မယ်လို့ ယုံပါတယ်"ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ကိုဟန်ဝင်းအောင်က NSS ကိုပြောသည်။
အဆိုပါ လူငယ်ဘောလုံးသင်တန်းအား လွိင်လင်မြို့တွင် ဇန်နဝါရီလ ၈ ရက်မှ ၁၇ ရက်အထိ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်ကဦးဆောင်ကာ ရှမ်းယူနိုက်တက်အသင်းနည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဘောလုံးသင်တန်းက ကလေးတွေဘောလုံးကိုစနစ်တကျကန်တက်ဖို့အပြင် ဒီသင်တန်းမှာလာတက်တဲ့ ကလေးတွေထဲကမှ ခြေစွမ်းခြေစကောင်းတဲ့လူငယ်တွေကို ရှမ်းယူနိုက်တက်လူငယ်အသင်းအတွက် အကဲခတ်ကြည့်ရှုသွားမှာပါ"ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ကိုဟန်ဝင်းအောင်ကဆက်လက်ပြောသည်။
ရှမ်းယူနိုက်တက်အသင်း၏ လူငယ်ဘောလုံးသင်တန်းများအား အခြား မြို့နယ်နှင့်မြို့များတွင်လည်း ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းယူနိုက်တက်အသင်းသည် လာမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ဘောလုံးရာသီ၌ တောင်ကြီးဘောလုံးကွင်းအား အိမ်ကွင်းအဖြစ်အသုံးပြုကာ လက်ခံယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမြောက်ကျည်ဆန်(၂ဝဝ)ကျော် ပစ်လွှတ်မှုက တောင်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုကို ပုံမှန်လက်တုံ့ပြန်ခြင်းမျိုးသာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း