ရှမ်းမြောက်တိုက်ပွဲများကြောင့် အေးသာယာမြို့သစ်အဝင်တွင် စစ်ဆေးမှုများပိုမိုတင်းကြပ်လာဟုဆို
ကျော်(NSS) - ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်အဝင်တွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ယခင်ရက်များထက် စစ်ဆေးမှုများပိုမိုတင်းကြပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ဖြစ်ပေါ်လျက်ရှိသည့် တိုက်ပွဲအခြေအနေများကြောင့် အေးသာယာမြို့သစ် လုံခြုံအေးချမ်းသာယာမှုရှိစေရေးအတွက် အေးသာယာမြို့သစ်သို့ဝင်ရောက်လာသူများအား စစ်ဆေးမှုများပြုလုပ်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
"တင်းတင်းကြပ်ကြပ်စစ်တာက သိပ်မကြာသေးဘူး။ မြို့ကထွက်တဲ့လူတွေကိုမစစ်ဘူး။ အဝင်တွေကိုပဲစစ်တာ။ ကားတိုင်းစစ်ဆေးရေးဂိတ်ရောက်ရင် ကားပေါ်ပါလာတဲ့လူတွေအကုန် ကားမောင်းတဲ့လူကလွဲပြီး လမ်းဆင်းလျှောက်ရတယ်။ မှတ်ပုံတင်တွေစစ်တယ်။ ဘယ်ကလာတာလဲ ဘယ်ကိုသွားမှာလဲ အကုန်မေးတာ တစ်ယောက်ချင်းစီကို အတော်တင်းတင်းကြပ်ကြပ်စစ်နေတာ"ဟု အေးသာယာမြို့သစ်နေ အိမ်ခြံမြေအကျိုးဆောင် လုပ် ငန်းလုပ်ကိုင်နေသူတစ်ဦးက NSS ကိုပြောသည်။
အေးသာယာမြို့သစ်အဝင်စစ်ဆေးရေးဂိတ်တွင် တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်ရာ၌ အမျိုးသားများကို အချိန်ကြာမြင့်စွာ စစ်ဆေးမေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ဆိုရင် တောင်ကြီးနဲ့အေးသာယာကို အသွားအပြန်ခဏခဏလုပ်နေရတော့ စစ်ဆေးရေးဂိတ်ကို ခဏခဏဖြတ်ရတယ်။ လတ်တလော စစ်ဆေးတာတွေအတော်လုပ်နေတဲ့အတွက် တောင်ကြီးကိုသိပ်မသွားဖြစ်တော့ဘူး။ လိုအပ်တဲ့အချိန်လောက်ပဲ အမြန်သွား အမြန်ပြန်လာလုပ်နေရတယ် စစ်ဘေးရှောင်တွေဆိုရင်ပိုစစ်တယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိအချိန်၌ အေးသာယာမြို့သစ်သို့ ရှမ်းပြည်မြောက်ပိုင်းနှင့်ကယား ပြည်နယ်တို့၌ ဖြစ်ပွားလျက်ရှိသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များအဖြစ် လာရောက်နေထိုင်သူများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းသတင်းများနဲ့ နိုင်ငံတကာက သတင်းများ
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း