(၅)နှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း (၁၄၀၀၀၀) ကျော် ပျက်စီးဆုံးရှုံး
စော (NSS) - ဇန်နဝါရီ ၆
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်အ တွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါင်း (၁၄၀၀၀၀)ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
၎င်းက ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)တွင် ကျင်းပသော လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက် စတင်ခြင်းအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် မိုးကြိုကာလဖြစ်သော မတ်လ၊ ဧပြီလ၊ မေလတို့၌ လေ ပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များ၊ အဆောက်အအုံများ အမိုးလန်ခြင်း၊ ပြိုကျခြင်းစသည့် ထိခိုက်ပျက်စီးမှုများကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်း နေအိမ်ပေါင်း (၁၄၀၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောသည်။
ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးနှစ်ဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ဝန်ကြီးဌာနအနဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းနှင့် ပြည်နယ် (၁၂) ခုတွင် နေအိမ်ပေါင်း (၅၅၀၀၀) ကျော်ကို ရန်ပုံငွေကျပ် (၁ ဒသမ ၇ )ဘီလျံကျော်သုံးစွဲကာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ တိုင်းနှင့် ပြည်နယ် ကိုးခု၌ နေအိမ်ပေါင်း (၁၉၅၄၀)ကို ရန်ပုံငွေကျပ်သန်း (၉၄၅ ဒသမ ၅၈၀)ကျခံသုံးစွဲပြီး အားဖြည့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၌ ငွေကျပ်(၅၂၂)ဘီလျံခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီး လူဦးရေ (၁၄၈)ဦး သေဆုံးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ်၌ မီးလောင်မှုကြောင့် ကျပ် (၃၅)ဘီလျံ စံချိန်တင်ဆုံးရှုံးခဲ့ပြီး သောင်းကျန်းသူများ၏ ရှို့မီးကြောင့် အများဆုံးဆုံးရှုံးခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ