(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲကျင်းပမည်
ကျော်(NSS) - ဇန်နဝါရီ ၅
(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲအား ကရင်ပြည်နယ်ရှိ မြိုင်ကြီးငူကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးအဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါ မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲအား ဇန်နဝါရီလ ၉ ရက်၊ ၁၀ ရက် နှင့် ၁၁ ရက် စုစုပေါင်း (၃) ရက်တိုင် မြိုင်ကြီးငူကျေးရွာ၌ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့ရိုးရာလက်ဝှေ့ကျော်များနှင့်ထိုင်းလက်ဝှေ့ကျော်များ ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
"မြန်မာ-ထိုင်း တွဲဆိုင်းက တစ်နေ့ကို (၃)ပွဲနှုန်းနဲ့ တွဲဆိုင်း(၉)ဆိုင်းရှိတယ်။ ကျန်တဲ့တွဲဆိုင်းတွေကတော့ မြန်မာလက်ဝှေ့သမား တွဲဆိုင်းတွေကြီးပါပဲ"ဟု ပွဲတော်ကျင်းပရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဇန်နဝါရီလ ၉ ရက်တွင် မင်းကျော်ဇ(မြန်မာ)နှင့်ဖက်စွန်မိုင်(ထိုင်း)၊ ဇွဲရာမာန်(မြန်မာ)နှင့်ငေါင်ပီဇာ (ထိုင်း)၊ စိန်လုံးချော(မြန်မာ)နှင့်ချိုမွန်ခွန်း(ထိုင်း) နှင့် ဇန်နဝါရီလ ၁၀ ရက်တွင် စောဂျွန်(မြန်မာ)နှင့်စင်တိုးထောင်း(ထိုင်း)၊ စူပါရေချမ်း(မြန်မာ)နှင့်ဖာနိမိ(ထိုင်း)၊ သွေးသစ်မောင်(မြန်မာ)နှင့်ဒေဝတ် (ထိုင်း)တို့ ယှဥ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကြောင်း သိရသည်။
"ဇန်နဝါရီလ ၁၁ ရက်က ပြိုင်ဆိုင်မှုပိုပြင်းထန်မယ့်အခြေအနေမှာရှိတယ်။ အဲဒီနေ့မှာက သက်ဝင်းအောင်(မြန်မာ)နဲ့လုတဝိုင်း(ထိုင်း)၊ အဲမွီ(မြန်မာ)နဲ့ပယ်ဆဲလ်(ထိုင်း)၊ အောင်ခိုင်(မြန်မာ)နဲ့ခဝန်အေ (ထိုင်း)တို့ ယှဥ်ထိုးကြမှာ ပွဲတိုင်းကတော့ရေကုန်ရေခမ်းကြည့်လို့ကောင်းမှာသေချာပါတယ်"ဟု ပွဲ တော်ကျင်းပရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲတွင် မြန်မာ-ထိုင်း တွဲဆိုင်းများသည် နေ့စဥ် ခေါင်တွဲဆိုင်းများအဖြစ် ယှဥ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကာ မြန်မာ့ရိုးရာလက်ဝှေ့ကလပ်များ၏ တွဲဆိုင်းများလည်းပါဝင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟိုပန်မြို့ကို MNDAA အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် UWSA “ဝ”လက်နက်ကိုင်အဖွဲ့ဝင်များက ဝင်ရောက်နေရာယူမှုပြုလုပ်
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း