ဟိုပန်မြို့ကို MNDAA အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီးနောက် UWSA “ဝ”လက်နက်ကိုင်အဖွဲ့ဝင်များက ဝင်ရောက်နေရာယူမှုပြုလုပ်
မြူနစ် (NSS) - ဇန်နဝါရီ ၅
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပန်မြို့ရှိ လုံခြုံရေးစခန်းများကို MNDAA အဖွဲ့ဝင်ရောက်တိုက်ခိုက်ပြီးနောက် “ဝ”လက်နက်ကိုင်အဖွဲ့(UWSA)အဖွဲ့ဝင်များက ဝင်ရောက်နေရာယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA သည် လောက်ကိုင်မြို့ကို တိုက်ခိုက်ပြီးနောက် နယ်နိမိတ်ချင်းထိစပ်နေသည့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပန်မြို့ကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်များထံမှ သိရသည်။
“လောက်ကိုင်ကိုတော့ လက်နက်ကိုင်အဖွဲ့တွေ ရသွားပြီလို့ ကြားတယ်။ သန့်ရှင်းရေးတွေ ဘာတွေလုပ်နေတယ်လို့လည်း ကြားတယ်။ ပြီးတော့ ဟိုပန်ကိုလည်း ထပ်တိုက်နေတယ်လို့ ကြားတယ်” ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
MNDAA ပူးပေါင်းအဖွဲ့များသည် ဟိုပန်မြို့ရှိ တပ်မတော်လုံခြုံရေးစခန်းများကို ယမန်နေ့ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီလ ၅ ရက်) နံနက်ပိုင်းအချိန်တွင် မြို့တွင်းသို့ ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထိုသို့ ဟိုပန်မြို့ထဲကို MNDAA ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပြီးနောက်ပိုင်းတွင် “ဝ”လက်နက်ကိုင်အဖွဲ့(UWSA)အဖွဲ့ဝင်များသည်လည်း ကားများစွာဖြင့် ဝင်ရောက်လာသည့်ရုပ်သံဖိုင်များကို လူမှုကွန်ရက်စာမျက်နှာများ၌ တွေ့ရှိရသည်။
ထို့ပြင် UWSA အဖွဲ့ဝင်များ ယင်းကဲ့သို့ ဝင်ရောက်လာမှုနှင့်အတူ ဟိုပန်မြို့အတွင်းရှိ နေရာအချို့တွင်လည်း ၎င်းတို့၏အလံများကို စိုက်ထူခဲ့သည့်အပြုအမူများကိုလည်း ရုပ်သံဖိုင်၌ တွေ့ရှိရသည်။
လက်ရှိတွင် ဟိုပန်မြို့၌ UWSA အဖွဲ့ဝင်များ ဝင်ရောက်နေရာယူခြင်းသည် ဖြစ်ပွားနေဆဲပဋိပက္ခအတွင်းသို့ ပါဝင်လာခြင်းမျိုးလားဟု မေးခွန်းထုတ်မှုများလည်းရှိနေသည်။
MNDAA ဦးဆောင်သော TNLA၊ AA ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများသည်လည်း လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့က လုံခြုံရေးစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည့်အခြေအနေများရှိခဲ့ဖူးသည်။
သို့သော် ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ “ဝ” လက်နက်ကိုင်အဖွဲ့ UWSA အနေဖြင့် မည်သည့်ဘက်ကမျှ ပါဝင်မည်မဟုတ်ကြောင်း ပြီးခဲ့သော နိုဝင်ဘာလ ၁ ရက်တွင် အသိပေးကြေညာခဲ့ဖူးသည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် လောက်ကိုင်မြို့ကို MNDAA က သိမ်းပိုက်ထားကြောင်းသတင်းနှင့် ဟိုပန်မြို့ပေါ် ၌ UWSA အဖွဲ့ဝင်များ ဝင်ရောက်နေရာယူမှုအခြေအနေများနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခြင်းမျိုး လက်ရှိအချိန်ထိ မတွေ့ရသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက ရုရှားကို ပဲ့ထိန်းဒုံးကျည်များ ထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ