လာမည့်အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေပြော
Pika (NSS) - ဇန်နဝါရီ ၄
လက်ရှိရာသီပြီးလျှင် ပီအက်စ်ဂျီအသင်းတွင် ဆက်နေရန်အတွက် စာချုပ်အသစ်ချုပ်ဆိုခြင်း သို့မဟုတ် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးနှင့်ထွက်ခွာရန်အတွက် လက်ရှိအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူးအမ်ဘာပေက ဇန်နဝါရီလ(၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းက ကာလရှည်ကြာစွာ ပစ်မှတ်ထားခဲ့သော အမ်ဘာပေသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆန္ဒမရှိကြောင်း ပြီးခဲ့သည့်နွေရာသီတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အမ်ဘာပေသည် လက်ရှိရာသီကုန်တွင် ပြောင်းရွှေ့မှုများလုပ်ဆောင်ရန်အတွက် အခြားအသင်းများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်းသိရသည်။
သို့သော်လည်း အပြောင်းအရွှေ့ကိစ္စများနှင့်ပတ်သက်ပြီး ၎င်း၏စိတ်မှာမတည်မငြိမ်ဖြစ်နေကြောင်း Trophée des Champions ဆုဖလားကို ပီအက်စ်ဂျီအသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အမ်ဘာပေက ထုတ်ဖော်ပြောဆိုခဲ့သည်။ အမ်ဘာပေက "ဒီနှစ်ကနေစပြီး ကျွန်တော်အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့နိုင်ဖို့ လိုအပ်တဲ့ဆုဖလားတွေလည်းရှိနေပြီး လက်ရှိအချိန်မှာတော့ ဆုဖလားတစ်ခုကို အောင်မြင်စွာဆွတ်ခူးနိုင်ခဲ့ပါပြီ။ ကျွန်တော်ဒီအချိန်အထိ ဆုံးဖြတ်ချက်မချရသေးပါဘူး။ ကျွန်တော်ရွေးချယ်မှုတွေလည်း မလုပ်ရသေးပါဘူး။နွေရာသီမှာ ပီအက်စ်ဂျီဥက္ကဋ္ဌနဲ့ ရရှိခဲ့တဲ့ သဘောတူညီမှုအရဆိုရင်တော့ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က အရေးမကြီးပါဘူး။အသင်းရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ဆုံးဖြတ်ချက်က အရေးမကြီးဘူးလို့ ပြောချင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
အမ်ဘာပေသည် ၂၀၁၇ ခုနှစ်တွင် မိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဂူးဝမ်းဆုဖလား(၅)ကြိမ်ဆွတ်ခူးနိုင်ခဲ့ကာ ပီအက်စ်ဂျီအသင်း၏ ဂိုးသွင်းအများဆုံးကစားသမားတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။ ပီအက်စ်ဂျီအသင်းသည် လီဂူးဝမ်းအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှာရပ်တည်နေပြီး လာမည့် ဖေဖော်ဝါရီလ(၁၅)ရက်တွင် ရီးရဲလ်ဆိုစီဒက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းအနေနဲ့အမေရိကန်အစိုးရထံကနေ အကူအညီတွေရယူဖို့ ဒုတိယအစီအစဉ် မရှိကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း