ယူကရိန်းအနေနဲ့အမေရိကန်အစိုးရထံကနေ အကူအညီတွေရယူဖို့ ဒုတိယအစီအစဉ် မရှိကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၄
ယူကရိန်းနိုင်ငံဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အမေရိကန်နိုင်ငံထံကနေ အကူအညီတွေရယူနိုင်ရုံက လွဲပြီးအခြား အစီအစဉ်တစ်ခုထပ်မံမရှိကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba က ယူကရိန်းဟာ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကိုသာ အဓိကထား မှီခိုနေရကြောင်းပြောပါတယ်။ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေက ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေကို ကန့်ကွက်ဆန့်ကျင်နေပေမယ့် ယူကရိန်းအစိုးဟာစစ်လက်နက်ပစ္စည်းတွေ ရယူနိုင်ဖို့ အမေရိကန်အစိုးရကိုသာ အကူအညီတွေတောင်းဆိုနေရဆဲဖြစ်ကြောင်း ၎င်းကပြောပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက "အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းရဲ့တောင်းဆိုချက်တွေကို ချက်ချင်းကူညီပေးဖို့ လုံလောက်တဲ့အရင်းမြစ်တွေရှိနေပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ဒီမိုကရေစီကို ကာကွယ်ဖို့ စွမ်း ဆောင်နိုင်စွမ်းပြသခဲ့တဲ့အတွက် ကျွန်တော်တို့ဟာ အနောက်အုပ်စုနိုင်ငံတွေကို အကူအညီတွေတောင်းခံနေခဲ့တာဖြစ်ပါတယ်။ အကူညီတွေရယူနိုင်ဖို့ အမေရိကန် နဲ့အခြားမဟာမိတ်နိုင်ငံတွေအပေါ် မှီခိုနေရတာဖြစ်တယ်။ ကျွန် တော်တို့ဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွက် ဒုတိယအစီအစဉ်မရှိဘူး၊ ကျွန်တော်တို့ဟာ လက်ရှိရှိနေတဲ့ ပထမအစီအစဉ်ကိုပဲ ယုံကြည်စွာလုပ်ကိုင်နေတယ်။ ယူကရိန်းဟာ အကူအညီတွေ၊ အရင်းမြစ်တွေရယူနိုင်ဖို့အမြဲတမ်း ကြိုးပမ်းရဖွယ်ရှိနေပါတယ်"လို့ ပြောပါတယ်။
ယူကရိန်းဟာ ရုရှားနဲ့ စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းကတည်းက အမေရိကန် နဲ့ နေတိုးအုပ်စုနိုင်ငံတွေထံကနေ အကူအညီတွေရယူခဲ့ရကြောင်းသိရပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေမှု ၂ နှစ်နီးပါးကြာမြင့်နေပေမယ့် လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိသေးဘဲတိုက်ပွဲများဆက်လက်တိုက်ခိုက်နေရာ နေတိုးအဖွဲ့ဝင်နိုင်ငံအချို့ကလည်း အကူညီတွေ ဆက်ပေးဖို့ လိုလားခြင်းမရှိတော့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းက ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ တရုတ်နိုင်ငံဘက်ခြမ်းကိုကျရောက်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ