အီရန်ဗိုလ်ချုပ်ကြီးဟောင်းကို မြှုပ်နှံထားတဲ့ သင်္ချိုင်းနားမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားပြီး အနည်းဆုံးလူပေါင်း (၁၀၀)ကျော် သေဆုံး
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၄
အီရန် ဗိုလ်ချုပ်ကြီးဟောင်း ကွာဆန် ဆိုလီယာမာနီ အုတ်ဂူနားမှာ ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူပေါင်း ၁၀၃ ဦးသေဆုံးခဲ့ကာ လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။
အဆိုပါပေါက်ကွဲမှုဟာ အီရန်ဗိုလ်ချုပ်ကြီးဟောင်း ဆိုလီယာမာနီကို မြှုပ်နှံထားတဲ့ သင်္ချိုင်းနားမှ နှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆိုလီယာမာနီ လုပ်ကြံခံရမှု လေးနှစ်မြောက်အခမ်းအနားကို ကျင်းပဖို့လူအများစုရုံးရောက်ရှိနေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တာဝန်ခံပြောဆိုထားတဲ့အဖွဲ့အစည်းမျိုးမရှိသေးသလို အီရန်အစိုးရကလည်း ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကိုမှ ဝေဖန်ပြစ်တင်တာမျိုးမရှိသေးကြောင်းသိရပါတယ်။
အီရန် စစ်တပ်ရဲ့ ပြည်ပရေးရာ တပ်ဖွဲ့ဖြစ်တဲ့ Quds Force အဖွဲ့ရဲ့တပ်မှူးဖြစ်သူ Esmail Qaani လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီးနောက်ကွယ်မှာ အစ္စရေးနဲ့ အမေရိကန် တို့ပါဝင်နေကြောင်း စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မက်သရူးမီလ်လာက အီရန်ဗိုလ်ချုပ်ကြီးဟောင်း မြှုပ်နှံထားတဲ့ သင်္ချိုင်းနားမှာဖြစ်ပွားတဲ့ပေါက်ကွဲမှုအတွင်း ၎င်းတို့ပါဝင်ဆက်နွယ်ခြင်းမရှိကြောင်း ပြောပါတယ်။ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေဟာ ပြင်းထန်တဲ့တုံ့ပြန်မှုတွေ ရင်ဆိုင်ရမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အီရန် သမ္မတကလည်း အီရန်လုံခြုံရေးအဖွဲ့ဟာ လူပေါင်း ၁၀၃ ဦးသေဆုံးစေခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေမှာပါဝင်ဆက်နွယ်သူတွေကို အတိအကျသိအောင် စုံစမ်းစစ်ဆေးမှာဖြစ်ပြီး တိုက်ခိုက်ခဲ့သူတွေကို အပြစ်ပေးမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့၌ အကျဉ်းသား (၉၆၅၂)ဦးကို စည်းကမ်း သတ်မှတ်ချက်ဖြင့် နစက လွတ်ငြိမ်းချမ်းသာခွင့်ပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ