(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့၌ အကျဉ်းသား (၉၆၅၂)ဦးကို စည်းကမ်း သတ်မှတ်ချက်ဖြင့် နစက လွတ်ငြိမ်းချမ်းသာခွင့်ပေး
NSS - ဇန်နဝါရီ ၄
ယနေ့(ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက်လွတ်လပ် ရေးနေ့တွင် အကျဉ်းသား (၉၆၅၂)ဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး နှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများကို ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအကျဉ်းသားများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံ ရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် နစကအနေဖြင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၁၄)ဦးကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး ပြည်နှင်ဒဏ်ပေးအပ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင်လည်း နစကဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူ (၇ဝ၁၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပေးခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဟစ်ဘိုလာအုပ်စုပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း