အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဟစ်ဘိုလာအုပ်စုပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၄
ဟစ်ဘိုလာ လက်နက်ကိုင်အုပ်စုက ၎င်းတို့အနေနဲ့ လက်ဘနွန်နိုင်ငံအပေါ်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို လက်စားချေသွားမှာဖြစ်ပြီးအစ္စရေးရဲ့လုပ်ရပ်တွေကို ဘယ်တော့မှမေ့ပျောက်သွားမှာမဟုတ်ကြောင်း ပြောပါတယ်။
လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအုပ်စုဟာပြီးခဲ့တဲ့ရက်ပိုင်းက ဘေရွှတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနိုင်ငံရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို ဝေဖန်ပြစ်တင်ထားကြောင်းသိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ Al-Arouri အပါ အဝင် အနည်းဆုံး ၇ ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က "အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို တုံ့ပြန်မှု၊ အပြစ်ပေးမှုမရှိဘဲ ဘယ်တော့မှ ပြီးဆုံးသွားစေမှာမဟုတ်ဘူး။ အစ္စရေးဟာ လုပ်ကြံသတ်ဖြတ်တဲ့ ပေါ်လစီတွေကို ပြန်လည်ကျင့်သုံးလာခဲ့တယ်"လို့ ပြောပါတယ်။
လက်ဘနွန်အစိုးရအဖွဲ့ ယာယီဝန်ကြီးချုပ် မီကာတီကလည်း လက်ဘနွန်နိုင်ငံမြို့တော် ဘေရွှတ်မြို့အစွန်မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တင်ပြတိုင်ကြားဖို့ အမိန်ပေးခဲ့ကြောင်းသိရပါတယ်။ လက်ဘနွန်ဝန်ကြီးချုပ်က အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ လက်ဘနွန်နိုင်ငံရဲ့အချုပ်အခြာပိုင်နက်နယ်မြေကို ချိုးဖောက်တိုက်ခိုက်တာမျိုးဖြစ်ကြောင်း ပြောပါတယ်။
အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဟစ်ဘိုလာအုပ်စုတွေဟာ အစ္စရေးနိုင်ငံပိုင်နက်တွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး အစ္စရေးက မကြာခဏသတိပေးခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဒဂုံမြို့နယ်ရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ခွေးနှင့်ကြောင် အကောင်ရေ (၂၀)ထက်မနည်း မီးလောင်သေဆုံးခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း