မြောက်ဒဂုံမြို့နယ်ရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ခွေးနှင့်ကြောင် အကောင်ရေ (၂၀)ထက်မနည်း မီးလောင်သေဆုံးခဲ့
စော (NSS) - ဇန်နဝါရီ ၄
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်ရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ခွေးနှင့်ကြောင် အကောင်ရေ (၂၀)ထက်မနည်း မီးလောင်သေဆုံးခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၃ ရက်)၊ ည (၇)နာရီဝန်းကျင်အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ (၄၈)ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းရှိ တိရစ္ဆာန်ဂေဟာ၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မီးစက်က စလောင်တာပါ။ ဟိုတယ်ပုံစံတော့ ပုံစံပဲ ဒါပေမယ့် ဂေဟာပါ။ ကြောင်နဲ့ခွေးနဲ့ရောနေတော့ အကောင်(၂၀)ကျော်တော့ သေဆုံးသွားမယ်။ ခွေးလေးတွေက လိမ်မာတယ်။ မီးကလောင်နေတော့ နောက်မှာငြိမ်ငြိမ်လေးတွေနေတဲ့ အကောင်တွေများတယ်။ အဲတာကြောင့်လည်း သိပ်အထိ အခိုက်မရှိတာ”ဟု ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
တိရိစ္ဆာန်ဂေဟာ မီးလောင်မှုအား သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများနှင့် လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည (၈)နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ခွေးပိုင်ရှင် အမျိုးသမီးတစ်ဦးတွင် ခွေးကိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကညွတ်ကွင်းမြို့အနီးရှိ လုံခြုံရေးစခန်းများအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ပြီးနောက် တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း