အာဆင်နယ်အသင်းအနေဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း နည်းပြအာတီတာပြော
Pika (NSS) - ဇန်နဝါရီ ၁
ဖူလ်ဟမ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားများ အနေဖြင့် ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် ၂ဝ၂၃ ခုနှစ်ကုန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ခြင်းမျိုးမရှိဘဲ အဆင့်(၄)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖူလ်ဟမ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် ဖြစ်ပွားခဲ့သည့်ပုံစံများအတိုင်း နောက်တစ်ကြိမ်ထပ်မံ မဖြစ်ပွားသင့်တော့ကြောင်း နည်းပြအာတီတာ က ပြောခဲ့သည်။
အာတီတာ က "ကျွန်တော်တို့ သေချာပေါက်ကို ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒီနေ့မှာဖြစ်ပွားခဲ့တဲ့ပုံစံတွေအတိုင်း နောက်တစ်ကြိမ်ဖြစ်ပွားလို့မရတော့ပါဘူး။ ဒီလိုမျိုးတွေ ထပ်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့နေရာကို ရောက်ဖို့အတွက် အခွင့်အရေးတွေ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဟန်ချက်ညီမှုတွေကို ရှာဖွေဖို့လိုပါတယ်။ ဒီနေ့ပွဲစဉ်ဟာ ဒီရာသီအတွက် အဆိုးရွားဆုံး ပွဲစဉ်တစ်ခု ဆိုတာ သေချာပါတယ်" ဟု ပြောခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၂ဝ)ပွဲ ကစားထားပြီး ရမှတ်(၄ဝ)ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၄)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် ဇန်နဝါရီလ (၇)ရက်တွင် လီဗာပူးလ်အသင်းနှင့် FA ဖလားပြိုင်ပွဲကစားရမည်ဖြစ်ပြီး ဇန်နဝါရီလ(၂ဝ)ရက်တွင် ခရစ္စတယ် ပဲလေ့စ်အသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကစားရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တော်လှန်ရေးအဖွဲ့အပါအဝင် မည်သည့်လက်နက်ကိုင်မဆို မြန်မာနိုင်ငံတော်အလံကို မလေးမခန့်မပြုကြရန် ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်ဆရာတော် တိုက်တွန်း
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း