Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တော်လှန်ရေးအဖွဲ့အပါအဝင် မည်သည့်လက်နက်ကိုင်မဆို မြန်မာနိုင်ငံတော်အလံကို မလေးမခန့်မပြုကြရန် ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်ဆရာတော် တိုက်တွန်း

မျိုးကြီး (NSS) - ဇန်နဝါရီ ၂

တော်လှန်ရေးအဖွဲ့အပါအဝင် မည်သည့်လက်နက်ကိုင်မဆို မြန်မာနိုင်ငံတော်အလံကို မလေးမခန့် မပြုလုပ်ကြရန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော်က မေတ္တာရပ်ခံတိုက်တွန်းလိုက်သည်။


IBEC ဆရာတော် ဦးသောဘိတက ဇန်နဝါရီလ ၁ ရက်တွင် စစ်ကိုင်းတောင်၊ IBEC ကျောင်းတိုက်၌ ကျင်းပသည့် စုံညီပွဲတော်တွင် အထက်ပါကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“ယနေ့ မြန်မာပြည်မှာ လူထုတွေ နားလည်မှုလွဲမှားနေတဲ့အချက်ကို ပြောကြားချင်တယ်။ အဲဒါက ဘာလဲဆိုတော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုးနဲ့ အကျုံးဝင်တယ်။ ယနေ့ social media တွေမှာ ဘုန်းဘုန်းတွေ့ရတယ်။ မြန်မာနိုင်ငံတော် ထမင်းစား၊ မြန်မာနိုင်ငံတော်ရဲ့ အလံကို မြေပေါ်မှာ ချနင်း၊ မြန်မာနိုင်ငံရဲ့ အလံကို မီးရှို့၊ မြန်မာနိုင်ငံရဲ့အလံကို တိရိစ္ဆာန်တွေမှာ ချည်ပြီးတော့မှ ပျက်ရယ်ပြုနေကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့ကိုလည်း တွေ့နေရတယ်”ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ MNDAA လက်နက်ကိုင်အဖွဲ့၏ ယူနီဖောင်းဝတ်ဆင်ထားသော လက်နက်ကိုင်အချို့သည် မြန်မာနိုင်ငံတော်အလံအား တိရိစ္ဆာန်အချို့ကို ချည်နှောင်ဝတ်ဆင်ပေးသောလုပ်ရပ်သည် လူမှုကွန်ရက်စာမျက်နှာများ၌ နှံ့ပျံ့ခဲ့ဖူးသည်။

“အားလုံးသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေကို ပြောချင်တာက မြန်မာနိုင်ငံသည် စစ်တပ်ပိုင်တာ မဟုတ်ဘူး။ နစကပိုင်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံသည် NUG လည်း ပိုင်တာမဟုတ်ဘူး။ PDF လည်း ပိုင်တာ မဟုတ်ဘူး။ KIA/KIO၊ KNU၊ နောက်ပြီးတော့မှ ကိုးကန့်လို့ခေါ်တဲ့ MNDAA၊ တအာင်းလို့ခေါ်တဲ့ TNLA၊ ရခိုင်လို့ခေါ်တဲ့ AA လက်နက်ကိုင်အဖွဲ့အစည်းတွေ ပိုင်တာမဟုတ်ဘူး။ မြန်မာနိုင်ငံဆိုတာ နိုင်ငံသူ၊ နိုင်ငံသားတွေ၊ တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်တာဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်ထားရတဲ့ နိုင်ငံတော်အလံကို ဘယ်လိုလက်နက်ကိုင်အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ ဘယ်လိုပြည်သူလူထုပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံရဲ့ အလံကို မထေမဲ့မြင် မပြုရဘူး” ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

ကုလသမဂ္ဂအပါအဝင် အာဆီယံအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတော်အလံအပေါ် မလေးမခန့်မပြုကြဘဲ လေးစားတန်ဖိုးထားမှုကို ပြသမှုရှိကြောင်း ၎င်းက ထပ်မံမိန့်ကြားသည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအဖွဲ့ဝင်များ အပါအဝင် မည်သည့်လက်နက်ကိုင်မဆို မြန်မာနိုင်ငံတော်အလံကို မလေးမခန့် မပြုလုပ်ကြရန် ဆရာတော်ဦးသောဘိတက မေတ္တာရပ်ခံ မိန့်ကြားထားသည်။

ပြီးခဲ့သောကာလများအတွင်း ဖြစ်ပွားခဲ့သောဆန္ဒပြမှုဖြစ်စဉ်အချို့၌ မြန်မာနိုင်ငံတော်အလံအား မီးရှို့ဖျက်ဆီးသည့်လုပ်ရပ်များ ရှိခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ ဇန်နဝါရီလ ၁ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved