အီရန် နဲ့ ရုရှားတို့က ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို တရားဝင်စွန့်လွှတ်ခဲ့ဟုဆို
Pika (NSS) - ဇန်နဝါရီ ၁
အီရန် နှင့် ရုရှားတို့သည် ရူဘယ် နှင့် rial ငွေကြေးတို့ဖြင့် ကုန်သွယ်မှုများလုပ်ဆောင်ရန် သဘောတူညီချက်ကို အပြီးသတ်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအသုံးပြုမှုကို တရားဝင် စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း အီရန်သတင်းအေဂျင်စီ IRNA က ယခုသီတင်းပတ်တွင် ဖော်ပြခဲ့သည်။
အီရန် နှင့် ရုရှားတို့၏ ဗဟိုဘဏ်အကြီးအကဲများသည် ရုရှားနိုင်ငံတွင် တွေ့ဆုံစဉ်အချိန်အတွင်း အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း IRNA က ဖော်ပြခဲ့သည်။ IRNA က "ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာပလက်ဖောင်းအသစ်တွေ တည်ထောင်ခြင်းဟာ ရုရှား နဲ့ အီရန်ကြားဆက်ဆံရေးမှာ ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်" ဟု ဖော်ပြထားသည်။
အဆိုပါအစီအစဉ်တွင် ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အစားထိုးငွေကြေး နှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပလက်ဖောင်းများကို အသုံးပြုခွင့်ပေးထားပြီး နိုင်ငံသုံးငွေကြေးများတွင် အပြန်အလှန်အကျိုးရှိစေမည့် ဆက်ဆံရေးများ ထူထောင်ရန်အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ခံနေရသော ရုရှား နှင့် အီရန်တို့သည် အပြန်အလှန်ကုန်သွယ်မှုများမှာ အမေရိကန်ဒေါ်လာအစား ၎င်းတို့နိုင်ငံသုံး ငွေကြေးများကိုသာ အသုံးပြုရန်အစီအစဉ်ကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လတွင် ပထမဆုံးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားဦးဆောင်သော Eurasian Economic Union (EEU) အဖွဲ့ဝင်နိုင်ငံများသည် အီရန်နိုင်ငံ နှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေထိုးခဲ့ကြကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အီရန်သမ္မတ Ebrahim Raisi သည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများတွင် အမေရိကန် ဒေါ်လာအသုံးပြုမှုကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။
ထို့အပြင် အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့ဩဇာလွှမ်းမိုးမှုများအတွက် အမေရိကန်ဒေါ်လာကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း Ebrahim Raisi က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆင်နယ်အသင်းအနေဖြင့် ပြန်လည်ပြင်ဆင်မှုများလုပ်ဆောင်ရန် လိုအပ်ကြောင်း နည်းပြအာတီတာပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ