ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီလိုအပ်ပါက သံရုံးသို့ ဆက်သွယ်ရန်အသိပေး
Pearl (NSS) - ဇန်နဝါရီ ၁
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သံရုံးသို့ ဆက်သွယ်နိုင်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့(ဇန်နဝါရီလ ၁ ရက်)၊ ညနေပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
ပြင်းအား ၇ ဒသမ ၄ ရှိသော အင်အားကြီးငလျင်တစ်ခုသည် ဂျပန်နိုင်ငံ၊ Ishikawa ပြည်နယ် ကမ်းလွန်ကို ဗဟိုပြု၍ ယနေ့ (ဇန်နဝါရီလ ၁ ရက်) ၊ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် Niigata, Toyama, Yamagata, Fukui, Hyogo ပြည်နယ်များနှင့်တကွ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်အား ဆူနာမီ သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သံရုံးက အသိပေးထားသည်။
အဆိုပါဒေသတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသအာဏာပိုင်များ၏ အချိန်နှင့်တပြေးညီ ထုတ်ပြန်ချက်များကို အထူးအလေးထားစောင့်ကြည့်ရန် သံရုံးက တိုက်တွန်းထားသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အကူအညီ လိုအပ်ပါက သံရုံး၏ Hot Line ဖုန်းနံပါတ် 070-4413-7383 သို့ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် လူထုကို လိမ်ညာနေကြမည့်အစား ရိုးသားပေးကြရန် IBEC ဆရာတော်နှင့်အတူ ကျောင်းသား(၆၅၀၀) ကျော် တောင်းဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ