တောင်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခြင်း ရှိ/မရှိ ဆိုတဲ့ကိစ္စကို မြောက်ကိုရီးယားခေါင်းဆောင် ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၃၁
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ တောင်ကိုရီးယားနိုင်ငံ နဲ့ ပြန်လည်ပေါင်းစည်းမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်က "တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးနဲ့ လက်ရှိ အမှန်တကယ်အခြေအနေတွေကို သိရှိရမယ့်အချိန်ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံကို စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အဓိကရန်သူတွေနဲ့ ကာလအတန်ကြာပေါင်းစည်းနိုင်ရေးကို လုပ်ဆောင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံကို အဓိကရန်သူအဖြစ် သတ်မှတ်ကြေညာခဲ့သူတွေ၊ ကျွန်တော်တို့နိုင်ငံအစိုးရအဖွဲ့ကို ဖျက်ဆီးဖို့ကြိုးပမ်းခဲ့သူတွေနဲ့ ပြန်လည်ပေါင်းစည်းဖို့ မဖြစ်နိုင်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့သူတွေနဲ့ ပြန်ပေါင်းစည်းဖို့မဖြစ်နိုင်ဘူး" လို့ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲအဆုံးသတ်ခဲ့တဲ့ `၁၉၅၃ ခုနှစ် နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ သီးခြားနိုင်ငံတွေအဖြစ် ရပ်တည်နေခဲ့ပြီး တစ်နေ့နေ့မှာ ပြန်လည် ပေါင်းစည်းဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေရှိနေခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ တစ်နိုင်ငံစီ သီးခြားရပ်တည်ခဲ့ပြီးနောက် စစ်အင်အားကောင်းမွန်အောင် အရှိန်မြင့်ကြိုးပမ်းလာခဲ့ပြီး နျူကလီးယားနဲ့ ဒုံးကျည်များ စမ်းသပ်မှုတွေအတွက် တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နဲ့ တင်းမာမှုတွေဖြစ်လာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မကြာခဏ ဝေဖန်ပြစ်တင်ခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုရီးယားနိုင်ငံကို ကျူးကျော်ဖို့ ကြိုတင်ပြင်ဆင်နေတာ မျိုးဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားက စစ်ဘက်သုံးဂြိုလ်တုအောင်မြင်စွာ လွှတ်တင်ခဲ့ပြီး နောက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး အေးစက်လာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကောက်ခွန်ဝန်ထမ်း နှင့် ဇနီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ကျိုက်ထိုတွင်ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ