အကောက်ခွန်ဝန်ထမ်း နှင့် ဇနီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှု ကျိုက်ထိုတွင်ဖြစ်ပွား
NSS - ဒီဇင်ဘာ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ကျိုက်ထိုမြို့နယ်၌ အကောက်ခွန်ဝန်ထမ်းနှင့် ၎င်း၏ဇနီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဥ်မှာ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာတွင် ယမန်နေ့(ဒီဇင်ဘာ ၃ဝ ရက်) နေ့လည်(၁၂)နာရီ အချိန်ခန့် တွင်ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့ နှင့် နီးစပ်သည့် ကျိုက်ထိုမြို့ရှိဒေသခံတစ်ဦးက ဆိုသည်။
“ဖြစ်စဥ်ဖြစ်သွားတာ ဟုတ်ပါတယ်။ မနေ့က (၁၁) နာရီ (၅ဝ) လောက်မှာဖြစ်သွားတာ။ သူတို့နေတဲ့အိမ်မှာပဲ လာပြီးတော့ ပစ်သွားတာပေါ့။ အမျိုးသားကတော့ ဒဏ်ရာ(၅)ချက်လောက်ရသွားတယ်။ အမျိုးသမီးက နဖူးမှာ ဒဏ်ရာ(၂)ချက် ရသွားတယ်။ အပစ်ခံရတဲ့ဒဏ်ရာတွေကြီးပါပဲ” ဟု အထက်ပါသတင်းအရင်းအမြစ်က NP News ကို ပြောသည်။
အဆိုပါဖြစ်စဥ်ကြောင့် အသက်(၄၅)နှစ်အရွယ် အကောက်ခွန်ဝန်ထမ်းအမျိုးသားတွင် ကျည်ဖောက်ဝင် ဒဏ်ရာ (၅)ချက်ခန့်ရရှိခဲ့ပြီး ၎င်း၏ ဇနီးတွင်လည်း ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“သူတို့ကို ရန်ကုန်ဆေးရုံကြီးကို ပို့ပေးထားတယ်။ ဆရာဝန်တွေရဲ့ပြောချက်အရ အမျိုးသားက စိုးရိမ်ရတယ်လို့တော့ပြောတယ်။ အမျိုးသမီးကတော့ သိပ်မစိုးရိမ်ရဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ၎င်းတို့အား ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ကုသပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၃၁ ရက်အတွင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း