နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်ပြီးနောက် အသင်းကစားသမားတွေကို ပြစ်တင်ဝေဖန်လိုက်တဲ့ မန်ယူနည်းပြတန်ဟက်
Pika (NSS) - ဒီဇင်ဘာ ၃၁
မန်ယူအသင်းသည် နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကစားသမားများကို မန်ယူနည်းပြတန်ဟက်က ပြစ်တင်ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် မန်ယူအသင်း၏ (၁၉၃ဝ) ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံးပရီးမီးယားလိဂ်ရာသီအစအတွက် တန်ဟက် က ထပ်မံပြစ်တင်ရှုတ်ချပြောဆိုခဲ့ကြောင်းလည်း သိရသည်။ မန်ယူအသင်းကစားသမားများသည် ပထမပိုင်းတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခြင်းမျိုးမရှိခဲ့သည့်အပြင် ဦးဆောင်ကစားနိုင်ခြင်းမျိုးလည်း မရှိခဲ့ကြောင်း တန်ဟက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်သည် ပွဲချိန်(၇၈)မိနစ်တွင် ချေပဂိုး တစ်ဂိုးသာ ပြန်လည်သွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နော်တင်ဟမ်ဖောရက်စ်အသင်းကို ရှုံးနိမ့်မှုက မန်ယူအသင်းသည် နောက်ဆုံးကစားထားသော ပြိုင်ပွဲစုံ (၆)ပွဲတွင် လေးပွဲမြောက် ရှုံးပွဲကို တွေ့ကြုံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
မန်ယူနည်းပြတန်ဟက် က "တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်။ ဒါက မဖြစ်သင့်တဲ့ ရှုံးနိမ့်မှုတစ်ခုပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြမကစားနိုင်ခဲ့သလို လုံလောက်တဲ့ အားထုတ်မှုမျိုးလည်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ အများကြီးအားစိုက်ကစားခဲ့သင့်တာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ ပြန်လည်ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အခွင့်အရေးတွေ ဖန်တီးခဲ့သင့်ပေမယ့် ကျွန်တော်တို့ မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီကစားပွဲရလဒ်တွေက ကျွန်တော်တို့ရဲ့ စံချိန် စံနှုန်းတွေထက် ပိုနည်းနေတယ်ဆိုတာ သိပါတယ်။ ဒီရလဒ်တွေကြောင့် ကစားသမားတွေ မပျော်မရွှင် ဖြစ်နေကြပေမယ့် ဒီထက်ပိုကောင်းအောင် လုပ်ဆောင်ကြဖို့ ပြောထားပါတယ်" ဟု ပြောခဲ့သည်။
မန်ယူအသင်းသည် ရမှတ်(၃၁)မှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၇)နေရာမှာ ရပ်တည်နေပြီး ၁၉၈ဝ - ၁၉၉ဝ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ရာသီအစ ပွဲစဉ်(၂ဝ)တွင် (၉)ပွဲ ရှုံးနိမ့်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ်က အနောက်ဘက်ကမ်းခြေရှိ ကလေးငယ်များအတွက် အသေအပျောက် အများဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း UNICEF ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း