၂၀၂၃ ခုနှစ်အတွင်း ရုရှား၏လေကြောင်းပျံသန်းမှုများကို သတိပေးသည့်အနေဖြင့် တိုက်လေယာဉ်များကို အကြိမ်(၃၀၀)ကျော် ဝေဟင်သို့စေလွှတ်ခဲ့ရကြောင်း နေတိုးအဖွဲ့ပြော
Pika (NSS) - ဒီဇင်ဘာ ၃ဝ
၂၀၂၃ ခုနှစ်အတွင်း ရုရှားတိုက်လေယာဉ်များ၏ လေကြောင်းပျံသန်းမှုများကို လက်တုံ့ပြန်သည့်အနေဖြင့် တိုက်လေယာဉ်များကို အကြိမ် (၃၀၀)ကျော် ဝေဟင်သို့စေလွှတ်ခဲ့ရကြောင်း နေတိုးအဖွဲ့က ဒီဇင်ဘာလ(၂၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
နေတိုးအဖွဲ့က "နေတိုးအဖွဲ့လေပိုင်နက်ကို ရုရှားတိုက်လေယာဉ်တွေ ချိုးဖောက်ဝင်ရောက်တာမျိုးက အလွန်ရှားပါးပါတယ်။ အကယ်၍ ချိုးဖောက်ဝင်ရောက်မှုတွေ ဖြစ်ပွားခဲ့ရင်လည်း ပုံမှန်အားဖြင်တော့ အချိန်ကာလက တိုတောင်းပါတယ်။ ရုရှားတိုက်လေယာဉ်တွေကို သတိပေးတဲ့အနေနဲ့ ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ရတာ အများစုက ဘော်လ်တစ်ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တာပါ"ဟု ပြောဆိုခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် နေတိုးအဖွဲ့သည် တိုက်လေယာဉ်များ၊ထောက် လှမ်းရေး ပျံသန်းမှုများ၊ မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်အတူ ၎င်း၏အရှေ့ဘက်ခြမ်းကာကွယ်ရေးပိုင်းကို သိသိသာသာ အားဖြည့်မှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
နေတိုးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒိုင်လန်ဝှိုက်က "နေတိုးအဖွဲ့ တိုက်လေယာဉ်တွေဟာ မိတ်ဖက်တွေရဲ့ လေကြောင်းပိုင်နက်အနီးမှာ သံသယဖြစ်ဖွယ် ဒါမှမဟုတ် ကြေညာထားခြင်းမျိုးမရှိတဲ့ ပျံသန်းမှုတွေကို သတိပေးတဲ့အနေနဲ့ လိုက်ပါပျံသန်းမှုတွေကို လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေပါတယ်"ဟု ပြောဆိုခဲ့သည်။
ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ကြား တင်းမာမှုများပိုမိုမြင့်တက်လာခဲ့ကြောင်းသိရသည်။ နေတိုးအဖွဲ့သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအ ပေါ် ပိတ်ဆို့အရေးယူမှုများ အကြိမ်ကြိမ်ချမှတ်ခဲ့ကြောင်းလည်းသိရသည်။ သို့သော်လည်း နေတိုးအဖွဲ့ကို တိုက်ခိုက်ရန် သို့မဟုတ် စစ်ရေးအရ ခြိမ်း ခြောက်မှုများ လုပ်ဆောင်ရန် အစီအစဉ်များမရှိကြောင်း ရုရှားသမ္မတပူတင်က ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးသို့ ခဲယမ်းမီးကျည်များ အရေးပေါ်ရောင်းချရန် အမေရိကန်အစိုးရအတည်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ