ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးလိုပါက ယခုထက်ပိုမိုကောင်းမွန်အောင်ကစားရန်လိုအပ်ကြောင်း အာဆင်နယ်နည်းပြပြော
Pika (NSS) - ဒီဇင်ဘာ ၃ဝ
အာဆင်နယ်အသင်းကစားသမားများအနေဖြင့် ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးလိုပါက ကစားကွင်းထဲတွင် အကောင်းဆုံးပုံစံဖြင့် ကစားရန်လိုအပ် ကြောင်း အာဆင်နယ်နည်းပြအာတီတာက ပြောကြားခဲ့သည်။
ဝက်စ်ဟမ်းအသင်းကို (၂)ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ခြင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးသို့ပြန်လည်ရောက်ရှိရန် အခွင့်အရေးကို လွဲချော်ခဲ့ကြောင်း အာတီတာကထပ်မံပြောဆိုခဲ့သည်။ အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ဘောလုံးပိုင်ဆိုင်မှု အများဆုံးဖြစ်ခဲ့သော်လည်း ဝက်စ်ဟမ်းအသင်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။
အာဆင်နယ်နည်းပြအာတီတာက "ဒီလိုအချိန်မှာ ထိတ်လန့်တုန်လှုပ်စရာ မလိုပါဘူး။ ကစားကွင်းထဲမှာ ကျွန်တော်တို့အကောင်းဆုံးပုံစံနဲ့ မကစားနိုင်ဘူးဆိုရင် ဆုဖလားကိုလည်း ဆွတ်ခူးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ခြေစွမ်းပြမကစားနိုင်ရန် ဝက်စ်ဟမ်းအသင်းနဲ့ပွဲရဲ့ ရလဒ်လိုပဲဖြစ်လာပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။
အာဆင်နယ်အသင်းသည် ဒီဇင်ဘာလ(၃၁)ရက်တွင် ဖူလ်ဟမ်အသင်းနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်းသိရသည်။ အာဆင်နယ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၁၉)ပွဲကစားထားပြီး ရမှတ်(၄၀)ဖြင့် အမှတ်ပေးဇယားတွင် အဆင့် (၂) နေရာမှာ ရပ်တည်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်စစ်သင်္ဘောရောက်ရှိလာမှုနှင့်အတူ ဂိုင်ယာနာ နှင့် ဗင်နီဇွဲလားနိုင်ငံကြား တင်းမာမှုများ ပိုမိုမြင့်တက်လာ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း