အိန္ဒိယနိုင်ငံမှာ ကြက်တွေ သယ်ဆောင်လာတဲ့ ထရပ်ကား မတော်တဆမှု ဖြစ်ခဲ့၊ အနီးအနားရှိလူတွေက ကြက်တွေကို ခိုးယူမှုဖြစ်ပွား
ရောင်နီ (NSS) - ဒီဇင်ဘာ ၃၀
အိန္ဒိယနိုင်ငံ၊ အဝေးပြေးလမ်းမကြီးတစ်ခုအပေါ်မှာ ကြက်တွေ တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီး ယာဉ်မတော်တဆဖြစ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ္တရာပရာဒက်ရှ်ပြည်နယ်ရှိ အာဂရာ၊ ဒဲဟီ အဝေးပြေးလမ်းမကြီးတစ်နေရာမှာ ဒီဇင်ဘာလ ၂၇ ရက်က မြူမှိုင်းတွေ ထူထပ်နေတဲ့ နံနက်ပိုင်း ရာသီဥတုအခြေအနေကြား မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ မတော်တဆမှုမှာ လူတစ်ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
လူတစ်ဦး သေဆုံးပြီး အခြားသူတွေကတော့ ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် အနီးအနားမှာရှိတဲ့လူတွေဟာ ဒဏ်ရာရသူတွေကို ကူညီမယ့်အစား မတော်တဆမှုဖြစ်ပွားရာ နေရာအနီး ပြန့်ကျဲနေတဲ့ ကြက်တွေကို ရသလောက် ခိုးယူခဲ့ကြတာပဲဖြစ်ပါတယ်။
X ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတစ်ခုအရ အချို့ဟာ ကြက်တွေကို သေချာထုပ်ပိုးပြီး သူတို့အိတ်ထဲတောင် ထည့်နေတာတွေ့ရပါတယ်။
အဆိုပါထရပ်ကားကို မောင်းနှင်တဲ့ မစ္စတာ ဆူနေးလ်ကူးမားက ကြက်တွေ ခိုးယူနေတာကို တားဆီးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီအတွက် ထရပ်ကားဟာ ရူပီး ၂၅၀,၀၀၀ ထိ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဆိုရှယ်မီဒီယာမှာတော့ အဆိုပါလုပ်ရပ်ကို ရှက်စရာအဖြစ်ရေးသားခဲ့ကြပြီး #IncredibleIndia စာသားတွေနဲ့ ဗီဒီယိုကို ဖော်ပြနေတာ တွေ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချမ်းအေးသာစံမြို့နယ်၌ အလုပ်သင် ဒု-ရဲအုပ် ရဲမေတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ