Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူး အပြင် ပါတီခေါင်းဆောင်နေရာမှ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ဟွန်ဆန် ထုတ်ဖော်ပြော

Zawgyi Version; 

ဂျန်ဇက် (NP News) - မတ် ၁၆ 

ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်းများစွာကြာ တာဝန်ယူခဲ့တဲ့ ဟွန်ဆန်ဟာ ရာထူးက နှုတ်ထွက်တော့မယ်လို့ အရိတ်အမြွတ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ နီးစပ်လာချိန်မှာ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်မယ့်အကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက Pursat ဒေသရှိ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို သွားရောက်ချိန်အတွင်း မိန့်ခွန်းပြောဆိုရာမှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

၎င်းက ကမ္ဘောဒီးယားအာဏာရပါတီ Cambodian People’s Party (CPP) အနေနဲ့ ခေါင်းဆောင်အသစ် ထပ်မံ ရွေးချယ်ဖို့ ပြင်ဆင်နေကြောင်း ပြောဆိုခဲ့တယ်လို့ ကမ္ဘောဒီးယားအခြေစိုက် ခမာတိုင်းမ်က ဖော်ပြပါတယ်။

ဟွန်ဆန်က "ကျွန်တော်တို့ဟာ လုပ်ဆောင်ရမယ့်အစီအစဉ်တွေအတွက် ပြင်ဆင်နေတယ်။ သင့်တော်တဲ့အချိန်မှာ အားလုံးတွေ့မြင်ရမှာပါ။ အာဏာရပါတီခေါင်းဆောင်နေရာကိုဆက်ခံဖို့ အလားအလာရှိတဲ့ လူငယ်တွေကို ရှာဖွေ တွေ့ရှိထားတယ်။ ကျွန်တော်တို့ဟာ အဲဒီတွေ ပုံခုံးလွှဲပေးပြီးနောက်ကပဲ နေထိုင်သွားမှာပါ" လို့ပြောပါတယ်။

ကမ္ဘောဒီးယားသတင်းဌာနက ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ရွေးကောက်ပွဲအပြီး အစိုးရအသစ်ဖွဲ့စည်းပြီးချိန်မှာ ရာထူး ကနေ နှုတ်ထွက်သွားဖွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ လာမယ့် ဇူလိုင်လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ရှိနေပြီး ဟွန်ဆန်ရဲ့သားဖြစ်သူ ဗိုလ်ချုပ်ကြီး ဟွန်မာနက်က ဟွန်ဆန်နေရာကို ဆက်ခံသွား ဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ 

ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာက ကမ္ဘောဒီးယားအာဏာရပါတီ CPP ဟာ စစ်ဦးစီးချုပ်ဖြစ်သူ ဟွန်မာနက်ကို ပါတီ ခေါင်းဆောင်နေရာအတွက် အမည်စာရင်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဟွန်မာနက်ဟာ အနာဂတ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့်သူအဖြစ် ရေပန်းအစားဆုံးဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ်ရှိ ဟွန်ဆန်ဟာ ၁၉၈၅ ခုနှစ်ကတည်းက ကမ္ဘောဒီးယားအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးချုပ် စတဲ့ အဓိကတာဝန်များ ရယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် သက်တမ်းအကြာဆုံး တာဝန်ယူခဲ့သူဖြစ်သလို ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ခေါင်းဆောင်တွေထဲမှာလည်း အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် သက်တမ်းအကြာဆုံး တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပါတယ်။

Zawgyi Version; 

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရာထူး အျပင္ ပါတီေခါင္းေဆာင္ေနရာမွ ႏႈတ္ထြက္ေတာ့မွာျဖစ္ေၾကာင္း ဟြန္ဆန္ ထုတ္ေဖာ္ေျပာ

ဂ်န္ဇက္ (NP News) - မတ္ ၁၆ 

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာ တာဝန္ယူခဲ့တဲ့ ဟြန္ဆန္ဟာ ရာထူးက ႏႈတ္ထြက္ေတာ့မယ္လို႔ အရိတ္အႁမြတ္ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ကေမာၻဒီးယားႏိုင္ငံမွာ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ နီးစပ္လာခ်ိန္မွာ ဟြန္ဆန္ဟာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ရာထူးက ႏႈတ္ထြက္မယ့္အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုလာခဲ့တာျဖစ္ပါတယ္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက Pursat ေဒသရွိ ေရအားလွ်ပ္စစ္ဓါတ္အားေပးစက္႐ုံကို သြားေရာက္ခ်ိန္အတြင္း မိန႔္ခြန္းေျပာဆိုရာမွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

၎က ကေမာၻဒီးယားအာဏာရပါတီ Cambodian People’s Party (CPP) အေနနဲ႔ ေခါင္းေဆာင္အသစ္ ထပ္မံ ေ႐ြးခ်ယ္ဖို႔ ျပင္ဆင္ေနေၾကာင္း ေျပာဆိုခဲ့တယ္လို႔ ကေမာၻဒီးယားအေျခစိုက္ ခမာတိုင္းမ္က ေဖာ္ျပပါတယ္။

ဟြန္ဆန္က "ကြၽန္ေတာ္တို႔ဟာ လုပ္ေဆာင္ရမယ့္အစီအစဥ္ေတြအတြက္ ျပင္ဆင္ေနတယ္။ သင့္ေတာ္တဲ့အခ်ိန္မွာ အားလုံးေတြ႕ျမင္ရမွာပါ။ အာဏာရပါတီေခါင္းေဆာင္ေနရာကိုဆက္ခံဖို႔ အလားအလာရွိတဲ့ လူငယ္ေတြကို ရွာေဖြ ေတြ႕ရွိထားတယ္။ ကြၽန္ေတာ္တို႔ဟာ အဲဒီေတြ ပုံခုံးလႊဲေပးၿပီးေနာက္ကပဲ ေနထိုင္သြားမွာပါ" လို႔ေျပာပါတယ္။

ကေမာၻဒီးယားသတင္းဌာနက ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ ေ႐ြးေကာက္ပြဲအၿပီး အစိုးရအသစ္ဖြဲ႕စည္းၿပီးခ်ိန္မွာ ရာထူး ကေန ႏႈတ္ထြက္သြားဖြယ္ရွိေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ကေမာၻဒီးယားႏိုင္ငံမွာ လာမယ့္ ဇူလိုင္လအတြင္း ေ႐ြးေကာက္ပြဲက်င္းပဖို႔ ရွိေနၿပီး ဟြန္ဆန္ရဲ႕သားျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး ဟြန္မာနက္က ဟြန္ဆန္ေနရာကို ဆက္ခံသြား ဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။ 

ၿပီးခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာက ကေမာၻဒီးယားအာဏာရပါတီ CPP ဟာ စစ္ဦးစီးခ်ဳပ္ျဖစ္သူ ဟြန္မာနက္ကို ပါတီ ေခါင္းေဆာင္ေနရာအတြက္ အမည္စာရင္းတင္သြင္းခဲ့တယ္လို႔ သိရပါတယ္။ ဟြန္မာနက္ဟာ အနာဂတ္မွာ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမယ့္သူအျဖစ္ ေရပန္းအစားဆုံးျဖစ္ေနခဲ့သူလည္းျဖစ္ပါတယ္။

အသက္ ၇၁ ႏွစ္အ႐ြယ္ရွိ ဟြန္ဆန္ဟာ ၁၉၈၅ ခုႏွစ္ကတည္းက ကေမာၻဒီးယားအစိုးရအဖြဲ႕မွာ ဝန္ႀကီးခ်ဳပ္၊ ဒုတိယ ဝန္ႀကီးခ်ဳပ္ စတဲ့ အဓိကတာဝန္မ်ား ရယူခဲ့သူျဖစ္တယ္လို႔ သိရပါတယ္။ ဟြန္ဆန္ဟာ ကေမာၻဒီးယားအစိုးရအဖြဲ႕မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ သက္တမ္းအၾကာဆုံး တာဝန္ယူခဲ့သူျဖစ္သလို ကေမာၻဒီးယားႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြထဲမွာလည္း အစိုးရအဖြဲ႕ေခါင္းေဆာင္အျဖစ္ သက္တမ္းအၾကာဆုံး တာဝန္ယူခဲ့သူတစ္ဦးျဖစ္ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘာသာရေးကို အသုံးချပြီး ဥပဒေမဲ့လုပ်ရပ် လုပ်ဆောင်မှုများရှိနေခြင်းကြောင့် လိုအပ်သလို စစ်‌ဆေးနေရခြင်းဖြစ်သည်ဟု ဒုတပ်ချုပ်ဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved