တရုတ်နိုင်ငံသားတွေကို လောက်ကိုင်မြို့မှ အမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုရတဲ့အကြောင်းအရင်းကို တရုတ်အစိုးရ ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသရဲ့လက်ရှိလုံခြုံရေးအခြေနေတွေဟာ ပြင်းထန်ပြီး ခက်ခဲရှုပ် ထွေးမှုတွေရှိနေကြောင်း တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်ဟာ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာအိုနင် က " ကိုးကန့် ဒေသလုံခြုံရေးအခြေနေတွေက ရှုပ်ထွေးနေတယ်။ တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံ မြောက်ပိုင်းကို ခရီးမသွား ဖို့ တိုက်တွန်းထားတယ်။ ဒါ့အပြင် ကိုးကန့်ဒေသမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ၊ အထူးသဖြင့် လောက်ကိုင် မြို့မှာရှိနေတဲ့တရုတ်နိုင်ငံသားတွေကို ဘေးလွှတ်ရာအခြားနေရာ ဒါမှမဟုတ် တရုတ်နိုင်ငံကို အမြန်ဆုံးပြန်ဖို့ တိုက်တွန်းထားပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးရဲ့အကျိုးစီးပွားအတွက် အပစ်ခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အရှိန်ဟုန်နဲ့ ဆောင်ရွက်နေတာတွေကို ထိန်းသိမ်းလုပ်ကိုင်မှုတွေ လုပ်ဆောင်မယ်လို့ ယုံကြည်ကြောင်း မာအိုနင်က ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေးအရှိန်ဟုန်မြင့်ဆောင်ရွက်မှုတွေက တရုတ်-မြန်မာနယ်စပ်ဒေသကို တည်ငြိမ်ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူပြုမယ်လို့ ယုံကြည်ကြောင်း ၎င်းက ပြောပါတယ်။ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဟာ မြေပြင်အခြေအနေတွေမှာ တင်းမာမှုတွေဖြစ်နေတာတွေကို ဖြေလျော့ဖို့၊ အစွမ်းကုန်သည်းခံချုပ်တည်းဖို့နဲ့ မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေတွေကို ပျော့ပျောင်းမှုတွေဖြစ်ဖို့ အတူတကွလုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ ရက်ကစတင်ပြီး တအောင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင် လက်နက်ကိုင်အဖွဲ့၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာတပ်မတော်စခန်းတွေကို တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး တရုတ်နိုင်ငံက အပစ်ခတ်ရပ်စဲဖို့ ကြားဝင်စေ့စပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးရဲ့ဒုံးကျည်တွေကို ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးစနစ်များ ပစ်ချနိုင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ