အစ္စရေးရဲ့ဒုံးကျည်တွေကို ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးစနစ်များ ပစ်ချနိုင်ခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉
ဆီးရီးယားလေကြောင်းရန်ကာကွယ်ရေးနစနစ်တွေဟာ ဒမ္မစကက်မြို့အနီးမှာ အစ္စရေးနိုင်ငံက တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဆီးရီးယားစစ်ဘက်အရင်းအမြစ်တွေက ပြောပါတယ်။
ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အီရန်ဗိုလ်ချုပ်တစ်ဦး ကျဆုံးခဲ့ပြီးနောက် အစ္စရေးဟာ ဆီးရီးယားနိုင်ငံကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်တပ် နဲ့ ထောက်လှမ်းရေးအရင်းမြစ်တွေက "အစ္စရေးဟာ ဂိုလန်ကုန်းမြင့်ဒေသကနေ ဆီးရီးယားနိုင်ငံဘက်ခြမ်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်။ ဒါပေမယ့် ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်တွေဟာ အစ္စရေးစစ်တပ် ပစ်ခတ်လိုက်တဲ့ဒုံးကျည်တွေကို ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်။ အစ္စရေးစစ်တပ်ဟာ ဆီးရီးယားမြို့တော်အနီးကို ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ဆီးရီးယားလက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်ခဲ့ရာကနေ အပြန်လှန်ပစ်ခတ်မှုတွေ ဖြစ်ပွားလာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်ဟာ ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဟာ Sweida ပြည်နယ်ရှိ ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ရေဒါစနစ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း ဆီးရီးယားစစ်ဘက်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပြင် ဒေသအတွင်း လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ လက်ဘနွန် အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အုပ်စုတွေ၊ ဆီးရီးယားလက်နက်ကိုင်အုပ်စုတွေ၊ ယီမင်လက်နက်ကိုင်အဖွဲ့ တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် စက်မှုဥယျာဥ်စီမံကိန်းတို့၏ စီမံခန့်ခွဲမှုဆိုင်ရာနေရာအများစုတွင် မြန်မာနိုင်ငံသားများကို ခန့်အပ်သွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ