PPP ပါတီ ၊ မွန်ညီညွတ်ရေးပါတီ နှင့် ရခိုင်ပြည်နယ်အင်အားစုပါတီတို့ UEC တွင် ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထား
ရဲပြည့် (NP News) - မတ် ၁၆
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ မွန်ညီညွတ်ရေးပါတီ (MUP) နှင့် ရခိုင်ပြည်နယ် အင်အားစုပါတီတို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ပါတီသုံးခုသည် မတ်လ ၁၅ ရက်တွင် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၅ အရ ပါတီဆက် လက်တည်ထောင်ခွင့်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) သည် နစက၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် စီးပွားရေးလုပ်ငန်းရှင်အများစု တည်ထောင်ထားသည့် ပါတီဖြစ်ပြီး ၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီရုံးများ မဖွင့်နိုင်ခဲ့သည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်များမှအပ ကျန်တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် ကိုယ်စားလှယ်လောင်း ၂၃ဝ ကျော်ဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်သွားမည်ဟု ကြေညာခဲ့သည့်ပါတီဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အခြေစိုက် အင်အားကြီးပါတီတစ်ခုဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် မွန်ညီညွတ်ရေးပါတီကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီသည် ရခိုင်ပြည်နယ်အခြေစိုက်ပါတီတစ်ခုဖြစ်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် ခြောက်ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီတစ်ခုဖြစ်သည်။
လက်ရှိတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော ပါတီ ၂ဝ ပါတီဖြစ်၍ စုစုပေါင်း ၂၆ ပါတီရှိပြီးဖြစ်ကြောင်း UEC မှ ထုတ်ပြန်ထားသည်။
အဆိုပါ ၂၆ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ (၆)ပါတီ နှင့် တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ (၂ဝ) ပါတီဖြစ်ပြီး ယင်းပါတီများအား တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
PPP ပါတီ ၊ မြန္ညီၫြတ္ေရးပါတီ ႏွင့္ ရခိုင္ျပည္နယ္အင္အားစုပါတီတို႔ UEC တြင္ ပါတီမွတ္ပုံတင္ျပန္လည္ေလွ်ာက္ထား
ရဲျပည့္ (NP News) - မတ္ ၁၆
ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ၊ မြန္ညီၫြတ္ေရးပါတီ (MUP) ႏွင့္ ရခိုင္ျပည္နယ္ အင္အားစုပါတီတို႔သည္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)သို႔ ႏိုင္ငံေရးပါတီမွတ္ပုံတင္ခြင့္ ျပန္လည္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ပါတီသုံးခုသည္ မတ္လ ၁၅ ရက္တြင္ ႏိုင္ငံေရးပါတီမွတ္ပုံတင္ဥပေဒ ပုဒ္မ ၂၅ အရ ပါတီဆက္ လက္တည္ေထာင္ခြင့္ေလွ်ာက္ထားခဲ့ျခင္းျဖစ္ေၾကာင္း UEC မွ ထုတ္ျပန္ထားသည္။
ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) သည္ နစက၏ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ ႏွင့္ စီးပြားေရးလုပ္ငန္းရွင္အမ်ားစု တည္ေထာင္ထားသည့္ ပါတီျဖစ္ၿပီး ၂ဝ၂ဝ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ပါတီ႐ုံးမ်ား မဖြင့္ႏိုင္ခဲ့သည့္ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္မ်ားမွအပ က်န္တိုင္းႏွင့္ ျပည္နယ္ ၁၁ ခုတြင္ ကိုယ္စားလွယ္ေလာင္း ၂၃ဝ ေက်ာ္ျဖင့္ ေ႐ြးေကာက္ပြဲ ဝင္ၿပိဳင္သြားမည္ဟု ေၾကညာခဲ့သည့္ပါတီျဖစ္သည္။
မြန္ညီၫြတ္ေရးပါတီသည္ မြန္ျပည္နယ္အေျခစိုက္ အင္အားႀကီးပါတီတစ္ခုျဖစ္ၿပီး ၂ဝ၁၉ ခုႏွစ္ ဇူလိုင္လ ၁၁ ရက္တြင္ မြန္ညီၫြတ္ေရးပါတီကို မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီ ႏွင့္ မြန္အမ်ိဳးသားပါတီတို႔ ပူးေပါင္း၍ ပါတီတစ္ခုတည္းအျဖစ္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။
ရခိုင္ျပည္နယ္အမ်ိဳးသားအင္အားစုပါတီသည္ ရခိုင္ျပည္နယ္အေျခစိုက္ပါတီတစ္ခုျဖစ္ၿပီး ၂ဝ၁ဝ ေ႐ြးေကာက္ပြဲတြင္ ရခိုင္ျပည္နယ္ မဲဆႏၵနယ္ ေျခာက္ခုမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ပါတီတစ္ခုျဖစ္သည္။
လက္ရွိတြင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၃ အရ ေလွ်ာက္ထားသည့္ ပါတီ ၆ ပါတီရွိၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒ ပုဒ္မ ၂၅ အရ ေလွ်ာက္ထားေသာ ပါတီ ၂ဝ ပါတီျဖစ္၍ စုစုေပါင္း ၂၆ ပါတီရွိၿပီးျဖစ္ေၾကာင္း UEC မွ ထုတ္ျပန္ထားသည္။
အဆိုပါ ၂၆ ပါတီတြင္ ျပည္ေထာင္စုတစ္ဝန္းလုံး စည္း႐ုံးမည့္ပါတီ (၆)ပါတီ ႏွင့္ တိုင္းေဒသႀကီး သို႔မ ဟုတ္ ျပည္နယ္တစ္ခုအတြင္း၌သာ စည္း႐ုံးမည့္ ပါတီ (၂ဝ) ပါတီျဖစ္ၿပီး ယင္းပါတီမ်ားအား တည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္ျပဳႏိုင္ေရး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္လက္စိစစ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခြေတဖက်မသန်သူနင်းလာသော ဆိုက်ကားနှင့် ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုက်ကားနင်းသူ သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ