ခြေတဖက်မသန်သူနင်းလာသော ဆိုက်ကားနှင့် ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုက်ကားနင်းသူ သေဆုံး
Pearl (NP News) - မတ် ၁၆
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ခြေတဖက်မသန်သူအမျိုးသားနင်းလာသည့် ဆိုက်ကားနှင့် မော်တော်ယာဉ်တို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၅ ရက်)၊ ည (၁ဝ)နာရီခွဲအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်၊ (၁၅)ပေတံ တားပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါ တံတားပေါ်တွင် ခြေတဖက်မသန်သူအမျိုးသားနင်းလာပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး လိုက်ပါစီးနင်းသော ဆိုက်ကားအား Light Truck တစ်စီးမှ တိုက်မိပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ ရောက်ရှိချိန် လူနာက အနီရောင်အဆင့်ဖြစ်နေပြီ၊ ဆေးရုံရောက်တော့ အရောင်ပြောင်းသွားပြီ။ ဂုံးတံတားအတတ်နားမှာဖြစ်တာ၊ Light Truck က တိုက်မိပြီး ထွက်ပြေးသွားတယ်လို့ အနားကလူတွေပြောလို့သိရပါတယ်" ဟု မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါဆိုက်ကားမောင်းနှင်သူ အမျိုးသားသည် အသက် (၄ဝ)နှစ်ဝန်းကျင်ခန့်ရှိပြီး ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဆိုက်ကားဖြင့် လိုက်ပါလာသူ အမျိုးသားတွင် ကျိုးပဲ့ဒဏ်ရာနှင့် အမျိုးသမီးတွင် ဦးခေါင်းကွဲဒဏ်ရာများရရှိခဲ့ပြီး Light Truck ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
zawgyi version
ေျခတဖက္မသန္သူနင္းလာေသာ ဆိုက္ကားႏွင့္ ကားတို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ဆိုက္ကားနင္းသူ ေသဆုံး
Pearl (NP News) - မတ္ ၁၆
ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ ေျခတဖက္မသန္သူအမ်ိဳးသားနင္းလာသည့္ ဆိုက္ကားႏွင့္ ေမာ္ေတာ္ယာဥ္တို႔ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္လ ၁၅ ရက္)၊ ည (၁ဝ)နာရီခြဲအခ်ိန္ခန႔္တြင္ မဂၤလာေတာင္ၫြန႔္၊ (၁၅)ေပတံ တားေပၚတြင္ ျဖစ္ပြားခဲ့ေၾကာင္း မဂၤလာေတာင္ၫြန္႔လူငယ္ လူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
အဆိုပါ တံတားေပၚတြင္ ေျခတဖက္မသန္သူအမ်ိဳးသားနင္းလာၿပီး အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦး လိုက္ပါစီးနင္းေသာ ဆိုက္ကားအား Light Truck တစ္စီးမွ တိုက္မိၿပီး ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
"ကြၽန္မတို႔ ေရာက္ရွိခ်ိန္ လူနာက အနီေရာင္အဆင့္ျဖစ္ေနၿပီ၊ ေဆး႐ုံေရာက္ေတာ့ အေရာင္ေျပာင္းသြားၿပီ။ ဂုံးတံတားအတတ္နားမွာျဖစ္တာ၊ Light Truck က တိုက္မိၿပီး ထြက္ေျပးသြားတယ္လို႔ အနားကလူေတြေျပာလို႔သိရပါတယ္" ဟု မဂၤလာေတာင္ၫြန္႔လူငယ္ လူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါဆိုက္ကားေမာင္းႏွင္သူ အမ်ိဳးသားသည္ အသက္ (၄ဝ)ႏွစ္ဝန္းက်င္ခန႔္ရွိၿပီး ရန္ကုန္ေဆး႐ုံႀကီးသို႔ ေရာက္ရွိခ်ိန္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ဆိုက္ကားျဖင့္ လိုက္ပါလာသူ အမ်ိဳးသားတြင္ က်ိဳးပဲ့ဒဏ္ရာႏွင့္ အမ်ိဳးသမီးတြင္ ဦးေခါင္းကြဲဒဏ္ရာမ်ားရရွိခဲ့ၿပီး Light Truck ယာဥ္ေမာင္းမွာ ထြက္ေျပးသြားခဲ့ေၾကာင္း မဂၤလာေတာင္ၫြန္႔လူငယ္ လူမႈကူညီကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငွေကျပ် သိန်း (၁၅ဝဝ) ကျော် တန်ဖိုးရှိသော စိတ်ကြွရူးသွပ်ဆေးပြားများ ကွန်ဟိန်းမြို့နယ်၌ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း