မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေး
Pearl (NSS) - ဒီဇင်ဘာ ၂၈
မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်)တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ နစကဥက္ကဋ္ဌ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်တပ်မ တော်၊ ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး Lieutenant General Jakkapong Janpengpen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများ တိုက်ဖျက်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ဆက်လက်တိုးမြှင့်ရန်အတွက် ဆွေးနွေးခဲ့သည်။
အထူးသဖြင့် နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများ လုပ် ဆောင်လျက်ရှိသည့်အတွက် နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်ရမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ နယ်စပ်ကုန်သွယ်မှုများ လုံခြုံချောမွေ့အဆင် ပြေစေရန် နှစ်နိုင်ငံကြားနိုင်ငံရေးအရ၊ တပ်မတော်နှစ်ရပ်အကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မည့်အခြေ အနေများ၊ လူသားချင်းစာနာထောက်ထားမှုနှင့် အကူ အညီပေးရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် နှင့် သတင်းအချက်အလက်အပြန်အလှန် ဖလှယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပနိုင်ငံခြားသားများ လာရောက်လုပ်ကိုင်မှုအရေအတွက် တစ်သန်းနီးပါးအထိ စံချိန်တင်မြင့်တက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ