တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပနိုင်ငံခြားသားများ လာရောက်လုပ်ကိုင်မှုအရေအတွက် တစ်သန်းနီးပါးအထိ စံချိန်တင်မြင့်တက်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၈
တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပနိုင်ငံခြားသားများလာရောက်အလုပ်လုပ်ကိုင်မှု စံချိန်တင်မြင့်တက်လာနေပြီး ၂ဝ၂၃ ခုနှစ်အတွင်းမှာ နိုင်ငံခြားသား တစ်သန်းနီးပါး လာရောက်အလုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။
တောင်ကိုရီးယားအစိုးရရဲ့ထုတ်ပြန်ချက်အရ ၂ဝ၂၃ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ လာရောက် အလုပ်လုပ်ကိုင်တဲ့နိုင်ငံခြားသားအရေအတွက် တစ်သန်းနီးပါးရှိနေပြီး အများစုက ကုမ္ပဏီ၊ လုပ်ငန်းအသေးစား တွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ၂ဝ၂၃ ခုနှစ် မေလအထိ ပြည်ပနိုင်ငံသားများ လာရောက်အလုပ်လုပ်ကိုင်မှု ၉၂၃ဝဝဝ ကျော်ရှိနေပြီး လက်ရှိအချိန်မှာ အဲဒီအရေအတွက်ထက် ထပ်မံမြင့်တက်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါအရေအတွက်ဟာ တောင်ကိုရီးယားနိုင်ငံ သမိုင်းတစ်လျှောက် ပြည်ပနိုင်ငံသားများ လာရောက် အလုပ်လုပ်မှု အများဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ပြည်ပနိုင်ငံသားတွေထဲမှာ တရုတ်နိုင်ငံသားများ အများဆုံးဖြစ်နေပြီး ဗီယက်နမ်နိုင်ငံသားတွေက ဒုတိယအများဆုံးဖြစ်ကြောင်း သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လာရောက်အလုပ်လုပ်နေတဲ့နိုင်ငံခြားသားအလုပ်သမားအားလုံးရဲ့ ၅၆ ရာခိုင်နှုန်းရဲ့ တစ်လလုပ်ခဟာ ၂ဝ၂၃ ခုနှစ်အတွင်း တောင်ကိုရီးယား ဝမ် နှစ်သန်း နဲ့ သုံးသန်းကြား ရရှိခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံသားတွေဟာ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း တစ်လကို လုပ်ခ ဝမ် ၃ ဒသမ ၄ သန်းကျော် ရရှိခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံခြားသားများ လာရောက်အလုပ်လုပ်ကိုင်မှုအရေအတွက်ဟာ ၂ဝ၂၂ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၂ဝ၂၃ ခုနှစ်မှာ ဆယ်ရာခိုင်နှုန်းမြင့်တက်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လုပ်သား (၁၇၀၀)ကျော်ကို အလုပ်အကိုင်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၅)ခုကို ရန်ကုန်တိုင်း အတွင်း လုပ်ကိုင်ခွင့်ပြု
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း