အီရန်ကျောထောက်နောက်ခံပြုထားတဲ့လက်နက်ကိုင်အဖွဲ့တွေကိုတားဆီးဖို့ အီရတ်ရှိလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၈
အီရတ်နိုင်ငံအပေါ် အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်ခြင်းတွေဟာ အီရန်ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုတားဆီးဖို့ ရည်ရွယ်တိုက်ခိုက်တာမျိုးဖြစ်ကြောင်း အမေရိကန်သမ္မတ က ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ဒီဇင်ဘာ ၂၇ ရက်က အီရတ်နိုင်ငံရှိလက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်ခံရမှုကြောင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အီရတ်ရှိ အီရန်အကူအညီရရှိထားတဲ့လက်နက်ကိုင်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အီရတ်ရှိလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံအတွင်းရှိ အမေရိကန်စစ်တပ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "အီရတ်နိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တွေ ကိုတိုက်ခိုက်ခြင်းဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေကို တိုက်ခိုက်နေတဲ့တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်တားဆီးတာဖြစ်ပါတယ်။ အမေရိကန်ဟာ ထပ်မံဖြစ်လာနိုင်မယ့်တိုက်ခိုက်မှုတွေ၊ ခြိမ်းခြောက်မှုတွေကိုတားဆီးဖို့ သင့်လျော်တဲ့တုံ့ပြန်မှုတွေ၊ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။
အီရတ်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အီရတ်နိုင်ငံရှိလက်နက်ကိုင်အဖွဲ့တွေ အသုံးပြုနေတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရက အီရန်အစိုးရဟာ ပင်လယ်နီဒေသအေတွင်းရှိ ကုန်စည်သင်္ဘောတွေကို တိုက်ခိုက်ခံရမှုတွေမှာ နောက်ကွယ်က အဓိကပါဝင်နေကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။
အီရန်နိုင်ငံထံက အကူအညီတွေရရှိထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက် ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အမေရိကန် နဲ့ အစ္စရေးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှု နှင့် ငွေကြေးလိမ်လည်မှုများကို မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် ဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ