အမှတ်ပေးဇယားထိပ်ဆုံးသို့တက်လှမ်းနိုင်သည့်အတွက် ကျေနပ်အားရမိကြောင်း လီဗာပူးလ်နည်းပြ ချီးကျူး
Pika (NSS) - ဒီဇင်ဘာ ၂၇
လီဗာပူးလ်အသင်းကစားသမားများသည် အခက်အခဲများရှိနေသည့်ကြားမှ ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သည့်အတွက် ကျေနပ်အားရမိကြောင်း လီဗာပူးလ်နည်းပြယာဗင်ကလော့က ထုတ်ဖော်ပြောခဲ့သည်။
ဘန်လေအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် (၂)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးလ်နည်းပြယာဗင်ကလော့ က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘန်လေအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်း တိုက်စစ်မှူး ဒါဝင်နူးနက်စ်သည် ပွဲချိန်(၆)မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး တောင်ပံကစားသမား ဒီရိုဂိုဂျိုတာသည် ပွဲချိန်(၉ဝ)မိနစ်တွင် တစ်ဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ လီဗာပူးလ်နည်းပြယာဗင်ကလော့က "ဒီပရီးမီးယားလိဂ်ရာသီ ပထမပိုင်းမှာ ကျွန်တော်တို့ အခက်အခဲတွေရှိနေပေမယ့်လည်း အရာအားလုံးအဆင်ပြေခဲ့ပါတယ်။ အခက်အခဲတွေရှိတဲ့ကြား ကနေ အမှတ်ပေးဇယားထိပ်ဆုံးကို ကျွန်တော်တို့တက်လှမ်းနိုင်ခဲ့ပါတယ်။ (၁ဝ)ရက်ကာလအတွင်းမှာ ကစားပွဲ လေးပွဲ ကစားရတာ တကယ်ကို ခက်ခဲပါတယ်။ ဒါဟာ တကယ်ကို အလုပ်များတဲ့ ကာလတစ်ခုပါပဲ။ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်ရတာ တကယ်ကိုကောင်းမွန်တဲ့ခံစားချက်တစ်ခုပါ။ ဒီပွဲမှာ ဒါဝင်နူးနက်စ်နဲ့ ဒီရိုဂိုဂျိုတာတို့ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံး ဂိုးသွင်းသူတွေဖြစ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
လီဗာပူးလ်အသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ (၁၉)ပွဲကစားထားပြီး ရမှတ်(၄၂)မှတ်ဖြင့် အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှာရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများကြောင့် အနည်းဆုံးလူ(၆)ဦးသေဆုံး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း