ရွေးကောက်ပွဲသပိတ်မှောက်ရန် အတိုက်ခံအုပ်စုများကြိုးပမ်းနေချိန်တွင် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၇
အတိုက်ခံပါတီများက ရွေးကောက်ပွဲကိုဆန့်ကျင်သပိတ်မှောက်မှုများရှိနေချိန်တွင် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဦးဆောင်သော အာဏာရပါတီသည် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။
ဘင်္ဂလားရှေ့်နိုင်ငံတွင် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက အတိုက်အခံဖြစ်သည့် ဘင်္ဂလားဒေရှ့်အမျိုးသားပါတီက ဦးဆောင်ပြီး နိုင်ငံတဝှမ်းဆန္ဒပြပွဲများလုပ်ဆောင်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်နေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ့်အတိုက်ခံပါတီဖြစ်သော အမျိုးသားပါတီက ဇန်နဝါရီ ၇ ရက်တွင် ကျင်းပမည့်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ထားသလို ရှိတ်ဟာစီနာ ဦးဆောင်သော ဘင်္ဂလားဒေရှ့်အစိုးရအဖွဲ့ကိုလည်း ရာထူးမှ နှုတ်ထွက်ရန် တိုက်တွန်းတောင်းဆိုနေကြောင်း သိရသည်။
ဒီဇင်ဘာ ၂၇ ရက်က ရှာလတ်မြို့တွင်ကျင်းပခဲ့သော ဘင်္ဂလားဒေရှ့်အာဏာရပါတီ Awami ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် ဝန်ကြီးချုပ်ရှိတ်ဟာစီနာက ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော အတိုက်ခံပါတီကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလားရှေ့်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက "အတိုက်ခံအုပ်စုတွေဟာ ဆူပူအကြမ်းဖက်မှုတွေလုပ်ဆောင်ပြီး အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်မယ်လို့ တွေးထင်ခဲ့တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး" ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ့်အတိုက်ခံပါတီဖြစ်သော အမျိုးသားပါတီက ရှိတ်ဟာစီနာဦးဆောင်သော ဘင်္ဂလားဒေ့ရှ့်အစိုးရသည် ပြီးခဲ့သော ၂ဝ၁၈ ခုနှစ် ရွေးကောက်ပွဲတွင် မဲသမာမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် လာမည့်လအတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း၊ ရွေးကောက်ပွဲမကျင်းပခင် ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းပေးစေလို ကြောင်း တိုက်တွန်းတောင်းဆိုထားသည်။
ဘင်္ဂလားဒေရှ့်အစိုးရကတော့ အတိုက်ခံအုပ်စုသည် နိုင်ငံမတည်ငြိမ်စေရန်၊ ဆူပူမှုများဖြစ်လာစေရန် ရည်ရွယ် လုပ်ဆောင်နေကြောင်း ဝေဖန်ပြောဆိုထားသည်။ ဘင်္ဂလားဒေ့်ရှ့်နိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် အစိုးရ နှင့် အတိုက်ခံအုပ်စုများကြား တင်းမာမှုအရှိန်မြင့်တက်နေခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၊ အမေရိကန် နှင့် ဥရောပသမဂ္ဂတို့က အကြမ်းဖက်မှုများရှောင်ရှားရန်၊ လွှတ်လပ်မျှတသော ရွေးကောက်ပွဲများဖြစ်လာစေရန် အတူတကွပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန် တိုက်တွန်းတောင်းဆိုထားသည်။
သို့သော်လည်း ရှိတ်ဟာစီနာဦးဆောင်သော ဘင်္ဂလားဒေရှ့်အာဏာရပါတီနှင့် အတိုက်ခံပါတီတို့သည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်များကို တုံ့ပြန်ခြင်းမရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ဘက်သုံးဂြိုလ်တု နှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် အရေးပေါ်အစည်းအဝေးကျင်းပ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ