စစ်ဘက်သုံးဂြိုလ်တု နှင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် အရေးပေါ်အစည်းအဝေးကျင်းပ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၇
တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်စမ်းသပ်ခဲ့ပြီးနောက် တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်က အာဏာရအလုပ်သမားပါတီ အဓိကခေါင်းဆောင်များ ပါဝင်သော အဓိကအစည်းအဝေးများကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။ ၏
အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီဝင်များ ပူးပေါင်းပါဝင်သော ၉ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံစစ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင် ကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်စေရန် အဓိကထားဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင်က ၂ဝ၂၃ ခုနှစ်သည် မြောက်ကိုရီးယားနိုင်ငံအတွက် ကြီးမားသောအပြောင်းအလဲ များဖြစ်လာစေခဲ့သော နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ပြောသည်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စီးပွားရေးပိတ်ဆို့မှု များ၊ စိန်ခေါ်မှုများရင်ဆိုင်ခဲ့ရသော်လည်း ၂ဝ၂၃ ခုနှစ်အတွင်းတွင် ကျန်းမာရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍများကို ပိုမိုတိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ချီးကျူးပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ တောင်ကိုရီးယားတို့က သတိပေးမှုများရှိခဲ့သော်လည်း ပြီးခဲ့သော လများအတွင်း စစ်ဘက်သုံးဂြိုလ်တုကို ပထမဆုံးအကြိမ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သလို ICBM တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က ရန်သူများအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်စလာမည် ဆိုလျှင် နျူကလီးယားလက်နက်များအသုံးပြုတိုက်ခိုက်မှုကို တွန့်ဆုတ်နေမည်မဟုတ်ကြောင်း၊ ပြီးခဲ့သော သီတင်းပတ်အတွင်း သတိပေးပြောဆိုထားသည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တို့သည် မြောက်ကိုရီးယား နိုင်ငံ၏ စစ်ဘက်သုံးဂြိုလ်တုလွှတ်တင်မှု၊ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် အမေရိကန် နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို စိတ်ဆိုး ဒေါသဖြစ်နေပြီး ယင်းစစ်ရေးလေ့ကျင့်ခန်းများက မြောက်ကိုရီးယားနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ရန် ကြိုတင် စီစဉ်နေခြင်းဖြစ်ကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဥ်းသည့်နောက်ဆက်တွဲစာချုပ်အား မြန်မာ-တရုတ်နှစ်နိုင်ငံ လက်မှတ်ရေးထိုး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ